မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၁၉
လူငယ်များ      မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ အတွေး အခေါ်    မှန်ကန်စေရေးနှင့်   ဗလ ငါးတန်    ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ    လူငယ် ရေးရာကော်မတီတို့    ပူးပေါင်း ကျင်းပပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေး    ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက  နေပြည်တော်  ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပသည်။
အခမ်းအနားသို့  မြန်မာနိုင်ငံ လူငယ်ရေးရာ     ဗဟိုကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်  လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြန်ကြား ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ပညာ ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး      ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီ    လူငယ် ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးသန်း ထွန်းဦး၊     ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာ ရေးဝန်ကြီးဌာနမှ ပါမောက္ခချုပ် များနှင့်   ဆရာ   ဆရာမများ၊ သက်ဆိုင်ရာ   ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။  
ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌ အားကစား နှင့်     လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဦးမင်း သိန်းဇံက    အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးကို ဖော်ဆောင်ရာတွင်လူသား အရင်းအမြစ်သည်  အဓိကကျပါ ကြောင်း၊   လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်   အတွက် ပညာရေးကဏ္ဍကို    တိုးတက် အောင်     မြှင့်တင်ကြရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ရှေ့လုပ်ငန်းစဉ်များ နှင့် ဦးတည်ချက်များ ချမှတ်ခဲ့ရာ တွင်  လူမှုရေးဦးတည်ချက်တွင် ပါဝင်သည့်    “နိုင်ငံ၏   ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်     အဓိက စွမ်းအားစုအဖြစ်   ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်    ပြည့်စုံသော လူငယ်များဖြစ်လာစေရန် လူငယ် ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့်အတိုင်း  အနာဂတ်နိုင်ငံ တော်၏ တာဝန်ကို ထမ်းဆောင် ရာတွင်  ဗလငါးတန်နှင့်   ပြည့်စုံ သည့် လူငယ်များ မွေးထုတ်ပေး ရန်နှင့် အကျင့်စာရိတ္တကောင်းမွန် ပြီး      အသိဉာဏ်ဖွံ့ဖြိုးသူများ ဖြစ်အောင်   လေ့ကျင့်ပျိုးထောင် ပေးရန်လိုကြောင်း၊ နိုင်ငံတော်က အားထားရသည့်    လူငယ်များ ဖြစ်လာစေရန်အတွက် ပညာရေး ကို  အခြေခံပြီး   ကျန်းမာကြံ့ခိုင် သော  လူငယ်များဖြစ်လာစေရန် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိကြောင်း၊   ထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင် များ လိုအပ်သည့်အတွက် ပညာ ရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီ မြင့်မားလာစေရန် ဆောင်ရွက်ပေး သွားမည်ဖြစ်သလို    လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကိုလည်း အလေးထားအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး နေပြည်တော် ကောင်စီလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လူငယ် များသည်    နောင်တစ်ချိန်တွင် တိုင်းပြည်တာဝန်ကို ကျရာကဏ္ဍ အသီးသီးတွင် ပခုံးပြောင်း တာဝန် ယူထမ်းဆောင်ကြရမည်ဖြစ်သည့် အတွက်   ဉာဏ်ရည်ဉာဏ်သွေး မြင့်မားရန်လိုကြောင်း၊   အတွေး အခေါ်၊ အယူအဆကောင်းမွန်ပြီး တီထွင်ဖန်တီးနိုင်သည့်      အသိ ပညာရှင်များ၊ အတတ်ပညာရှင် များ ပေါ်ထွက်လာမှသာလျှင် စီမံ ခန့်ခွဲမှုကောင်းသည့် ခေါင်းဆောင် ကောင်းများစွာ ပေါ်ထွက်လာပြီး တိုင်းပြည်၏     အနာဂတ်ဖွံ့ဖြိုး တိုးတက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်    စာရေးဆရာမ တင်ရီမ (ညောင်ဦး)က   “ငုတ်မိ သဲတိုင်     တက်နိုင်ဖျားရောက်” ခေါင်းစဉ်ဖြင့်     လည်းကောင်း၊ နေပြည်တော်   ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန   ညွှန်ကြား ရေးမှူး ဒေါက်တာသန်းနိုင်စိုးက “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ် ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောပို့ချခဲ့ပြီး   အားကစား နှင့်   လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားသမား လူငယ်များက  Fitness Dance ၊ ဗိုဗီနမ်နှင့် ဂျူဒို အားကစားနည်းများကို    သရုပ် ပြသကြသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ် ရေးရာဗဟိုကော်မတီ     ဥက္ကဋ္ဌ အားကစားနှင့်    လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက    အားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ နည်းပညာကောလိပ် ကျောင်းအုပ် ကြီး ဦးမင်းမင်းထွန်းနှင့် နေပြည် တော်     အခြေခံပညာဦးစီးဌာန တိုင်းပညာရေးမှူး ညွှန်ကြားရေး မှူး  ဒေါက်တာကျော်လွင်တို့က လက်ခံရယူပြီး    ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက  သရုပ်ပြ အားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ    လူငယ် ရေးရာကော်မတီ  ဥက္ကဋ္ဌ  ဦးသန်း ထွန်းဦးက စာရေးဆရာမ တင်ရီမ (ညောင်ဦး)နှင့် ဒေါက်တာသန်းနိုင် စိုးတို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ကိုလည်းကောင်း ပေးအပ်ချီးမြှင့် ကြပြီး အခမ်းအနားကို  ရုပ်သိမ်း လိုက်သည်။               သတင်းစဉ်