မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲတွင် အုတ်တွင်းစာဖြေဌာန ပါဝင်ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

 

အုတ်တွင်း  ဖေဖော်ဝါရီ  ၃
(၁၁) ကြိမ်မြောက်  မြန်မာနိုင်ငံလုံး ဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော် ပွဲတွင် အုတ်တွင်းစာဖြေဌာနအနေဖြင့် ပါဝင်ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကို  ဖေဖော်ဝါရီ  ၂  ရက်က  အင်ဒိုင်း ကျေးရွာ      စိတ္တသုခ ကျောင်းတိုက်၌ ပြုလုပ်သည်။
ဆွေးနွေးပွဲသို့    အုတ်တွင်းစာဖြေ ဌာန၏ ဥက္ကဋ္ဌဆရာတော် ဥူးဝိသုတ (ရေအိုးစဉ်ကျောင်း)အပါအဝင် အင်ဒိုင်း၊ ငှက်ပျောတော၊ လက်ပံခုံတို့မှ ဆရာ တော်များနှင့် ရေအိုးစဉ်၊ သရက်အုပ်၊ ကျောင်းစု၊ ကံလျက်တော၊ တောင်ညို တို့မှ သင်ကြားရေး ဆရာ ဆရာမများနှင့်   အင်ဒိုင်းကျေးရွာမှ    သာသနာ့အကျိုး တော်ဆောင်များ   တက်ရောက်ကြ သည်။
ညှိနှိုင်းဆွေးနွေးမှုများအရ ယခုနှစ် ဧပြီလတွင်ကျင်းပမည့်  တစ်နိုင်ငံလုံး အဆင့် (၁၁) ကြိမ်မြောက် သုတစုံလင် ဗုဒ္ဓဝင်  ဖြေဆိုပူဇော်ပွဲ (ပြိုင်ပွဲ) ကြီး၌ အုတ်တွင်းစာဖြေဌာနအနေဖြင့် ယခင် နှစ်နည်းတူ    ပါဝင်ဖြေဆိုမည်ဖြစ် ကြောင်း၊   ယခင်နှစ်က    ရေအိုးစဉ် ကျေးရွာ    (ရေအိုးစဉ်ကျောင်းတိုက်)၌    ကျင်းပခဲ့ပြီး   ယခုနှစ်တွင်    အင်ဒိုင်း ကျေးရွာ  (စိတ္တသုခကျောင်းတိုက်)၌ ကျင်းပမည်ဖြစ်ကြောင်း၊  သုတစုံလင် ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ    (အုတ်တွင်း စာဖြေဌာန)၏        ကျင်းပရေးဦးစီး ကော်မတီကို ရေအိုးစဉ် ဆရာတော်က   ဥက္ကဋ္ဌအဖြစ်  တာဝန်ယူပြီး  အဖွဲ့ဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ အုတ်တွင်းစာဖြေဌာန       အနေဖြင့် သင်ကြားရေးဌာန ခြောက်ကျောင်းမှ မူလတန်း၊ အလယ်တန်း ကျောင်းသား ကျောင်းသူ   စုစုပေါင်း   ၁၃၀    ခန့် ဝင်ရောက်၍ ဖြေဆိုပူဇော် ပြိုင်ပွဲဝင်မည် ဖြစ်ကြောင်း      မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


အေမင်းရည်စော(ပြန်/ဆက်)