
နေပြည်တော် ဧပြီ ၁၈
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီး ဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ဆက်စပ် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယအမြဲတမ်း အတွင်းဝန် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်းတို့က မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေး စီမံချက် မူကြမ်းအပေါ် ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ် ဝန်ကြီးဌာနများအားလုံးက ဝိုင်းဝန်းဆွေးနွေးကြရန် နှင့် ဆပ်ကော်မတီဖွဲ့စည်းရေး၊ စကားဝိုင်းဆွေးနွေးပွဲ၊ စာတမ်းဆွေးနွေးပွဲများ ကျင်းပရေးအတွက် အကြံပြု ကြရန်တို့ကို ပြောကြားသည်။
ထို့နောက် ဆက်စပ်ဝန်ကြီးဌာနအသီးသီးမှ အစည်းအဝေးတက်ရောက်လာသူများက ညီလာခံ ဆွေးနွေးပွဲ ခေါင်းစဉ်များ၊ စာတမ်းဆွေးနွေးပွဲ ခေါင်းစဉ်များနှင့် ဆပ်ကော်မတီများအလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးအကြံပြု ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့် က ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်