
ရန်ကုန် မတ် ၁၆
မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များ Cluster အဖွဲ့ချုပ် ဖွဲ့စည်းခြင်းအခမ်းနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ဥက္ကလာသီရိ သိမ်ကျောင်းပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းမှ ပေးပို့သော သဝဏ် လွှာကို ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော် ကျော်ညွန့်က ဖတ်ကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဖိနပ် လုပ်ငန်းရှင်များဥက္ကဋ္ဌ ဦးကံညွန့်က မြန်မာနိုင်ငံလုံး ဆိုင်ရာ Cluster ဖိနပ်လုပ်ငန်းရှင်များ မျိုးတူစု အဖွဲ့ချုပ်ဖွဲ့စည်းဖြစ်မြောက်ရေးအတွက် ဆောင်ရွက် ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ Cluster ဖိနပ်လုပ်ငန်းရှင်များ မျိုးတူစုအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ ရွေးချယ်တင်မြောက်ခြင်းကို သဘာပတိအဖွဲ့က အတည်ပြုချက်ရယူ၍ ရွေးချယ်တင်မြှောက်ခံရသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးကံညွန့်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး MSME Cluster ဖိနပ် လုပ်ငန်းရှင်များ မျိုးတူစုအဖွဲ့ကို ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ် ၂၉ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ဖိနပ် လုပ်ငန်းအစုအဖွဲ့အလိုက် စုပေါင်းစွမ်းအားကို တည်ဆောက်နိုင်ခြင်းဖြင့် ဖိနပ်လုပ်ငန်းရှင်တစ်ဦး တစ်ယောက်တည်းဖြင့် မအောင်မြင် မရယူနိုင်သော ဈေးကွက်အခွင့်အလမ်းများကို အစုအဖွဲ့၏ စုစည်း အားဖြင့် ရယူထိုးဖောက်နိုင်ခြင်း၊ ဖိနပ်လုပ်ငန်းရှင်များ တွေ့ကြုံနေရသောအခက်အခဲနှင့် အတားအဆီးများ ကို အစုအဖွဲ့လိုက် ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးနှင့် အခွင့်အလမ်းများကို ရရှိ နိုင်မည်ဖြစ်သည်။
သတင်းစဉ်