မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ITPEC (IP, FE, AP) စာမေးပွဲများ ကျင်းပမည်

 

ရန်ကုန်   ဩဂုတ်   ၁၅
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းက ကြီးမှူး ကျင်းပလျက်ရှိသည့် Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြုစာမေးပွဲများဖြစ်သည့် Information Technology Passport  Examination   (IT passport)၊ Fundamental Information Techn-ology Engineer Examination   (FE)၊   Applied Information Technology Engineer Examination (AP) စာမေးပွဲများကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၇ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပမည်ဖြစ်သည်။
စာမေးပွဲများသို့       ကွန်ပျူတာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များနှင့် IT စိတ်ပါဝင်စားသူ မည်သူမဆို ဝင်ရောက်ဖြေဆိုနိုင်သည်။
စာမေးပွဲအတွက် နောက်ဆုံး Form တင်ရမည့်နေ့ မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၈ ရက် (စနေနေ့) ဖြစ် သည်။ITPEC စာမေးပွဲကြေးနှင့် သင်တန်းကြေးများကို Mobile Banking နှင့် QuickPay တို့မှ တစ်ဆင့်ငွေပေး သွင်းနိုင်ပြီး Exam Form နှင့် Training Form များကို https://forms.gle/mzoUZwTqhUjesFYF8 လင့်တွင် စာရင်းပေးပို့နိုင်သည်။
Bank Account Name မှာ Myanmar Com-puter Professionals Association ဖြစ်ပြီး Mobile Banking နှင့် QuickPay တို့မှာAYA Bank : 2001 4961 262 KBZ Bank : 0043 0400 4033 93901 QuickPay : MCPA (QuickPay Name) တို့ဖြစ်သည်။
ငွေပေးသွင်းသည့်အခါ ဖြေဆိုမည့်သူအမည်နှင့် စာမေးပွဲအမည်ကို မှတ်ချက်တွင် ထည့်သွင်းရေးသား ရန်နှင့် ငွေပေးသွင်းပြီးကြောင်း  Bank Slip  (သို့) QuickPay Slip ကို  mcpamm@gmail.com  သို့ ပြန်လည်ပေးပို့ပေးရမည်ဖြစ်သည် ။
စာမေးပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါ က မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA)၊ ဖုန်း ၀၁-၆၅၂၂၇၆၊ ၀၉-၅၀၆၇၁၆၈ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
မျိုးမင်းသူရ