ရန်ကုန် ဇူလိုင် ၆
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်း အကူအညီလိုအပ်သူများအတွက် လူမှုကရုဏာ အကူ အညီများကို ကြက်ခြေနီအခြေခံမူများနှင့်အညီ ကူညီ လျက်ရှိရာ မကွေးတိုင်းဒေသကြီး ပေါက်မြို့နှင့် ဆောမြို့များသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာ ပြည်သူ အိမ်ထောင်စု ၅၃၀ အတွက် ဇွန် ၂၈ ရက်မှ ဇူလိုင် ၃ ရက်အထိ အဆိုပါ နေရာများသို့ သွားရောက် ကာ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ပြီး ဇူလိုင် ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအတွက် ကူညီ ထောက်ပံ့သည်။
ပေးဝေထောက်ပံ့
ထိုသို့ ကူညီထောက်ပံ့ရာတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ညွှန်ကြားရေးမှူး ဒေါ်အေးအေး ငြိမ်း ဦးဆောင်သောအဖွဲ့သည် ဒေသတွင်း မငြိမ် မသက်ခြင်းကြောင့် ကျေးရွာပေါင်း ၇၈ ရွာတို့မှ ပေါက်မြို့ အောင်တော်မူရပ်ကွက်၊ အောင်တံခွန် ရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်နှင့် ရွှေပေါက်ပင် ရပ်ကွက်တို့တွင် ယာယီနေထိုင်လျက်ရှိသော နေရပ် စွန့်ခွာ အိမ်ထောင်စု ၂၉၇ စု၊ လူဦးရေ ၁၂၀၉ ဦး တို့အတွက် ကနဦး အရေးပေါ်လိုအပ်ချက်များ ဖြစ်သည့် အစားအစာ (ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာ) ၂၉၇ စုံ၊ နှာခေါင်းစည်း (၅၀ ပါ) ၅၉၄ ဘူး၊ လက်သန့် ဆေးရည် (၁၀၀ မီလီ) ၈၉၁ ဘူး၊ မိသားစုသုံး တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း ၂၉၇ ပုံး၊ အမျိုးသမီး တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း ၄၇၄ အိတ်၊ အမျိုးသားတစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်း ၄၀၈ အိတ်၊ မိုးကာအင်္ကျီ ၁၀၀၅ ထည်၊ ကလေးမီးဖွားသန့်စင်သုံးပစ္စည်း ၁၄ ခု၊ မွေးကင်းစ ကလေးသုံးပစ္စည်း ၇၃ အိတ်၊ မီးဖိုချောင်သုံးပစ္စည်း ၅၇ ပုံး၊ တာပေါ်လင် ၃၅၄ ချပ်၊ လက်သမားသုံး အိမ်ဆောက်ပစ္စည်း ၅၇ အိတ်တို့ကို ပေါက်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာ လုပ်အားရှင်များကိုယ်တိုင် အိမ်ထောင်စုတစ်စုချင်းစီ အလိုက် ပေးဝေထောက်ပံ့သည်။
ထို့ပြင် ဆောမြို့နယ် အညာကတင်းကျေးရွာနှင့် သီးကုန်းကျေးရွာရှိ ဒေသအစီအစဉ်ဖြင့် ဆောင်ရွက် ထားသော ယာယီခိုလှုံရာနေရာတွင် နေထိုင်လျက်ရှိ သော နေရပ်စွန့်ခွာ အိမ်ထောင်စု၁၆၉ စုနှင့် ဆောမြို့ ပေါ်တွင် လာရောက်နေထိုင်သူ အိမ်ထောင်စု ၆၄ စု၊ စုစုပေါင်း အိမ်ထောင်စု ၂၃၃ စု လူဦးရေ ၁၁၃၈ ဦး အတွက် ကနဦး အရေးပေါ်လိုအပ်ချက်များဖြစ်သည့် အစားအစာ (ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာ) ၂၀၃ စုံ၊ နှာခေါင်းစည်း (၅၀ ပါ) ၄၀၂ ဘူး၊ လက်သန့်ဆေး ရည် (၁၀၀ မီလီ) ၅၇၁ ဘူး၊ မိသားစုသုံးတစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်း ၂၀၃ ပုံး၊ အမျိုးသမီးတစ်ကိုယ် ရေ သန့်ရှင်းရေးသုံးပစ္စည်း ၃၈၇ အိတ်၊ အမျိုးသား တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း ၃၈၃ အိတ်၊ မိုးကာအင်္ကျီ ၇၉၉ ထည်၊ ကလေးမီးဖွားသန့်စင်သုံး ပစ္စည်း ၁၃ ခု၊ မွေးကင်းစကလေးသုံးပစ္စည်း ၇၈ အိတ်၊ မီးဖိုချောင်သုံး ပစ္စည်း ၂၀၃ ပုံး၊ တာပေါ်လင် ၄၃၆ ချပ်၊ အိမ်ဆောက် အထောက်အကူပြုပစ္စည်း ၉၂ အိတ်နှင့် ရပ်ရွာလူထုသုံး ရေစစ်အိုး (Community Lifestraw ) ခုနစ်ခု၊ လီတာ ၁၀၀၀ ဆံ့ ဖိုင်ဘာရေ တိုင်ကီ ငါးလုံးနှင့် အရေးပေါ်ယင်လုံအိမ်သာ ကိုးလုံး တို့ကို ဇူလိုင် ၁ ရက်မှ ၃ ရက်အထိ သွားရောက် ကူညီထောက်ပံ့ပေးခဲ့သည်။
အလားတူ ဇူလိုင် ၃ ရက်ကလည်း ကျောက်ထုမြို့ ယောမြို့ရှိ နေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်း တွင် အသုံးပြုရန် ရပ်ရွာလူထုသုံး ရေစစ်အိုး (Community Lifestraw) နှစ်ခု၊ လီတာ ၁၀၀၀ ဆံ့ ဖိုင်ဘာရေတိုင်ကီ နှစ်လုံးနှင့် ယာယီခိုလှုံစခန်းတွင် မိသားစုများအခန်းများ သီးသန့်ကာရန်ခြင်းအတွက် တာပေါ်လင်ချပ် ၃၀ စသည့် ထောက်ပံ့ပစ္စည်းများကို ယာယီခိုလှုံရာစခန်းသို့ သွားရောက်ပေးဝေထောက်ပံ့ သည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ နေရပ် စွန့်ခွာပြည်သူ များကို ဇူလိုင် ၅ ရက်တွင် အိမ်ထောင်စု ၂၀၀၊ လူဦးရေ ၈၀၈ ဦးအတွက် တစ်အိမ်ထောင်လျှင် တာပေါ်လင် တစ်ချပ်၊ စောင် တစ်ထည်၊ ခြင်ထောင် တစ်လုံး၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း တစ်စုံတို့နှင့်အတူ ကျောက်ကြီးမြို့ပေါ်ရှိ ဒေသခံ ပြည်သူများက လှူဒါန်းထားသည့် အဝတ်အစားများ ကို ထောက်ပံ့ပေးအပ်သည်။
ညှိနှိုင်းချိတ်ဆက်
ဆောင်ရွက်လျက်ရှိ
ဆက်လက်၍လည်း အကူအညီလိုအပ်နေသည့် ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူ များအတွက် စားနပ်ရိက္ခာများ၊ ရေနှင့် သန့်ရှင်းရေးသုံး ပစ္စည်းများ၊ အခြားလိုအပ်သည့် ပစ္စည်းများကို ထောက်ပံ့ကူညီနိုင်ရေးအတွက် ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်



