
နေပြည်တော် မတ် ၁၅
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဆိုင်ရာ စာရင်းအင်း အချက် အလက်များ (၂၀၂၂)၊ ပြည်တွင်း နှင့် ပြည်ဝင်ခရီးသွားစစ်တမ်း (၂၀၂၂) တွေ့ရှိချက်များ ရှင်းလင်း တင်ပြခြင်းနှင့် ခရီးသွားလုပ်ငန်း သုတေသန စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်က ခရီးသွား လုပ်ငန်းဆိုင်ရာ သုတေသနစီမံ ကိန်းမှတစ်ဆင့် ခရီးသွားစာရင်း အင်း အချက်အလက်များကို ဖော်ထုတ် ရရှိခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဆိုင်ရာ စာရင်းအင်း အချက် အလက်များ၊ ပြည်တွင်းနှင့် ပြည်ဝင် ခရီးသွားစစ်တမ်း-၂၀၂၂ ကောက် ယူတွေ့ရှိချက်များကို မိတ်ဆက် ခြင်းဖြစ်ကြောင်း။
ယခုစီမံကိန်းကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) အထောက် အပံ့ဖြင့် အကောင်အထည်ဖော် ခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ၏စာရင်းအင်းအချက်အလက်များ ပိုမိုတိကျ အားကောင်းခိုင်မာလာ စေရန် အထောက်အပံ့ဖြစ်စေ ကြောင်း၊ စီမံကိန်းကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် သုတေ သနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေပြီး ခရီးသွားလုပ်ငန်း စျေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအားကို အချက်အလက် များ၊ ကိန်းဂဏန်းများဖြင့် ဖော် ထုတ်နိုင်ရန်နှင့် ခရီးသွားလုပ်ငန်း ထုတ်ကုန်အသစ်များ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် အစီ အစဉ်များနှင့် မဟာဗျူဟာများ ချမှတ်နိုင်ရန်၊ သတ်မှတ်စျေးကွက် ရှာဖွေနိုင်ရန် စဉ်ဆက်မပြတ် သုတေသနလုပ်ငန်းများ ဆောင် ရွက်ရန်နှင့် ဝန်ကြီးဌာန၏လုပ်ငန်း တာဝန်များနှင့် နှစ်အလိုက် စီမံချက်များကို ပံ့ပိုးကူညီရန် ရည်ရွယ် ဖော်ဆောင်ခြင်းဖြစ် ကြောင်း။
နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် အမျိုးသားအဆင့် စီမံကိန်း များပါ ပန်းတိုင်များနှင့် ဦးတည် ချက်များကို အကောင်အထည်ဖော် ရာတွင် ဝန်ကြီးဌာနနှင့် သက်ဆိုင် သော ညွှန်းကိန်းများ ဖော်ဆောင် နိုင်ရေးအတွက် ယခုစီမံကိန်းမှ ရရှိသော စာရင်းအင်း အချက် အလက်များသည် အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း၊ ထို့ပြင်ခရီး သွားလုပ်ငန်း၏ အကျိုးကျေးဇူး၊ နိုင်ငံတော်၏ စီးပွားရေးအပေါ် အထောက်အကူပေးနိုင်မှု၊ အလုပ် အကိုင်ဖန်တီးပေးနိုင်မှု၊ ဆင့်ပွား အကျိုး သက်ရောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာမည် ဖြစ်ကြောင်း။
ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင် ရန် မှန်ကန်တိကျသော မူဝါဒများ၊ ပန်းတိုင်များချမှတ် အကောင် အထည် ဖော်နိုင်စေရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေ သနကဏ္ဍ၊ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် ခရီးသွားလုပ်ငန်း သုတေသနဌာနမှ သုတေသန ပညာရှင် အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက မြန်မာနိုင်ငံခရီး သွားလုပ်ငန်း အချက်အလက်များ နှင့် စစ်တမ်းကောက်ယူ တွေ့ရှိ ချက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ခရီးသွား လုပ်ငန်း သုတေသနလုပ်ငန်းစကား ဝိုင်းဆွေးနွေးပွဲကျင်းပရာ အခမ်း အနားသို့ တက်ရောက်လာကြသူ များက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးကြသည်။
အခမ်းအနားသို့ ညွှန်ကြား ရေးမှူးချုပ်များ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့ (မြန်မာ) အတွင်း ရေးမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး နေပြည်တော် ဆက်ဆံရေးရုံးမှ ညွှန်ကြားရေးမှူး Mr. Bai Yun-feng ၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဗဟို စာရင်းအင်းအဖွဲ့၊ စာရင်းအင်း ဆိုင်ရာ စံသတ်မှတ်ရေး လုပ်ငန်း အဖွဲ့ဝင်များ၊ စီမံကိန်းမှ မြန်မာ နိုင်ငံသား ကျွမ်းကျင်ပညာရှင် များ၊ နေပြည်တော် ဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များအသင်း နှင့် ခရီးသွားလုပ်ငန်းရှင်များ အသင်း၊ ဧည့်ဝန်ဆောင်မှုနှင့် ခရီး သွားလုပ်ငန်း ပညာသင်ကြားနေ သော တက္ကသိုလ်/ ကောလိပ် များမှ ဆရာ ဆရာမများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများ နှင့် ဟိုတယ်များမှ တာဝန်ရှိသူ များက Hybrid စနစ်ဖြင့် ပါဝင် တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်