မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) သ​​ဘောထားထုတ်ပြန်ချက်

 

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်


၁။     ကယားပြည်နယ်အတွင်းရှိ KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ယ​​နေ့ နံနက်ပိုင်း တွင်  ခရီးသည် ၆၃ ဦး လိုက်ပါလာသည့် ခရီးစဉ်အမှတ်  UB - 149 ၊  ရန်ကုန်-နေပြည်တော်-လွိုင်ကော်-ရန်ကုန်  ခရီးစဉ်အဖြစ်   ​ပြေးဆွဲသည့်  မြန်မာအမျိုးသား​လေ​ကြောင်းလိုင်း(MNA) မှ ​လေယာဉ်အမှတ် XY - AML၊ ​လေယာဉ်အမျိုးအစား  ATR -72 (600) သည်  လွိုင်​ကော်လေဆိပ်သို့ ဆင်းသက်ရန် လုပ်ငန်းစဉ်များအတိုင်း ပြုလုပ်လျက်ရှိစဉ်  လက်နက် (စိစစ်ဆဲ) ဖြင့်  ပစ်ခတ်သဖြင့် ​လေယာဉ်ပေါ်  စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦး ဒဏ်ရာရရှိခဲ့​ကြောင်း သိရှိရပါသည်။

 


၂။    အပြစ်မဲ့ပြည်သူများအား အမျိုးမျိုးရန်ရှာကာ အ​ကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများ၊ ယခုကဲ့သို့ ပြည်သူအများ ဒုက္ခ​ရောက်​စေရန် ကျူးလွန်မှုများအတွက် ယခုဖြစ်စဉ်အပါအဝင် အကြမ်းဖက်လုပ်ရပ် များကို မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ​ကြောင်း သ​ဘောထား ထုတ်ပြန်အပ်ပါသည်။


မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)