
ရန်ကုန် အောက်တိုဘာ ၂၇
မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းစခန်း(လှော်ကား)တွင် အခြေခံငါးမွေးမြူ ရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းကို အောက်တိုဘာ၂၆ ရက် က ဖွင့်လှစ်ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးတက်ရောက်အမှာစကားပြော ကြားသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က မွေးမြူရေးတွင် သမားရိုးကျနည်းများအစား မျိုး၊ အစာအာဟာရ နည်းပညာ၊ လှောင်ကန်မွေးမြူ နည်းစနစ်များကို ခေတ်မီနည်းလမ်းများအသုံးပြု ဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွား ရေး လုပ်ငန်းများကို ကုစားရန်အတွက် အခြေခံငါး မွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုး သားဖောက်ခြင်း နည်းပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနမှူး ဦးမြင့်ရွှေက သင်တန်းတွင် ပို့ချသင်ကြား ပေးမည့် ဘာသာရပ်များအကြောင်းနှင့် ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ငါးကဏ္ဍ ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် သုတေသနပြုလုပ်နေသော ငါးမြင်း၊ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးပြေမ၊ တီလား ပီးယား (မွေးမြူရေးငါး)၊ ငါးဖျင်းသလက် ငါးသား ပေါက်များ မွေးမြူခြင်းလုပ်ငန်းများနှင့် ငါးပြခန်း များကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက လှည့်လည်ကြည့်ရှုပြီး ဦးစီးမှူးနှင့် တာဝန်ရှိ သူများက လိုက်လံရှင်းလင်း ပြသသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၂၀ တက်ရောက်ကြောင်း သိရသည်။
ဆန်းကျော်ဦး
(ပြန်/ဆက်)