မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ် အပြီးသတ် အစီရင်ခံစာထုတ်ပြန်နိုင်ရေးအတွက် အစည်းအဝေးကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ   ၁၅


မြန်မာနိုင်ငံ၏       ဒုတိယအကြိမ် ကုန်သွယ်မှု   မူဝါဒ   လေ့လာဆန်းစစ် ခြင်း       လုပ်ငန်းစဉ်၏      အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်နိုင်ရေးအတွက် Trade Policy Review Body - TPRB Virtual Meeting အစည်းအဝေးကို GIZ နှင့် ARISE Plus စီမံကိန်းတို့၏ အကူအညီဖြင့် ဖေဖော်ဝါရီ ၁၅ ရက် နှင့်   ၁၇   ရက်တို့၌   ကျင်းပလျက် ရှိသည်။


အဆိုပါ Virtual Meeting တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း တက်ရောက်အမှာစကား ပြောကြားပြီး ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ များ၊   အဖွဲ့ဝင်များ၏  မေးမြန်းချက် များကို   သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးမည့်    ဘာသာရပ် ဆိုင်ရာအသီးသီးမှ    ကိုယ်စားလှယ် များ၊ TPR  Technical   Team  မှ ကိုယ်စားလှယ်များဖြင့်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြေညီထပ်ရှိ    အစည်းအဝေးခန်းမ၌ လည်းကောင်း၊ ရန်ကုန်မြို့မှ ဘာသာ ရပ်ဆိုင်ရာ      ကိုယ်စားလှယ်များက     အွန်လိုင်းမှတစ်ဆင့်    လည်းကောင်း တက်ရောက်ဆွေးနွေးကြသည်။  


ပိုမိုချောမွေ့သည့် ကုန်သွယ်မှုစနစ်


အဆိုပါ အစည်းအဝေးကို မြန်မာ နိုင်ငံအနေဖြင့်       နိုင်ငံစုံကုန်သွယ်မှု သဘောတူညီချက်များပါ ပြဋ္ဌာန်းချက် များ၊ စည်းကမ်းသတ်မှတ်ချက်များ နှင့်  ကတိကဝတ်များအား     လိုက်ပါ ဆောင်ရွက်နေမှု  အခြေအနေများနှင့် နိုင်ငံ၏ကုန်သွယ်မှု  မူဝါဒများ၊ အလေ့ အထများကို      အဖွဲ့ဝင်နိုင်ငံများကို ပွင့်လင်းမြင်သာမှုရှိစွာ     ဖော်ထုတ် ပြသခြင်းဖြင့်       ပိုမိုချောမွေ့သည့် ကုန်သွယ်မှုစနစ်အား ဖော်ဆောင်နိုင် ရန်  ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ 


မြန်မာနိုင်ငံသည် ၁၉၉၅ ခုနှစ်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စတင်ဖွဲ့စည်း စဉ်ကတည်းက  မူလအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ်  ပါဝင်ခဲ့သော်လည်း နိုင်ငံစုံကုန်သွယ်မှုစနစ်၏ အနှစ်သာရ နှင့်    တာဝန်ဝတ္တရားများကို   ထဲထဲ ဝင်ဝင်   လိုက်ပါဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။  သို့သော်လည်း   ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအနေဖြင့်     WTO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏     လိုက်ပါ ဆောင်ရွက်ရမည့် စည်းမျဉ်းသတ်မှတ် ချက်များ      လိုက်နာဆောင်ရွက်ရန် အတွက်        ကင်းလွတ်ခွင့်ရရှိသည့် အနေအထားဖြင့် ဆက်လက်ရပ်တည် နေခဲ့ပြီး  နိုင်ငံတကာအသိုက်အဝန်း တွင် ပြန်လည်ဝင်ဆံ့  ပါဝင်လာနိုင်ရန်  အစဉ်တစိုက်   ကြိုးပမ်းခဲ့ရာ  သိသာ မြင်သာသော     အရွေ့တစ်ခုအဖြစ် ပထမအကြိမ်   ကုန်သွယ်မှု    မူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို   ၂၀၁၂ ခုနှစ်   ဇူလိုင်လမှ  စတင်ဆောင်ရွက် နိုင်ခဲ့ကာ ၂၀၁၄ ခုနှစ်၌ အပြီးသတ် ဆန်းစစ်ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်သည်။ ဤသိုဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံများအကြား မြန်မာနိုင်ငံ၏ ပုံရိပ် ကို    အသက်ဝင်လာစေပြီး    ပထမ အကြိမ်   ကုန်သွယ်မှု   မူဝါဒဆန်းစစ် ခြင်းမှ   ထွက်ပေါ်လာသော   ဆန်းစစ် ချက်၊ အကြံပြုချက်များ အပါအဝင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏    နည်း ပညာအကူအညီ     အထောက်အပံ့ များဖြင့်  နိုင်ငံတွင်းရှိ  ကုန်သွယ်မှုနှင့် ဆက်စပ်နေသော  မူဝါဒများကို   ပိုမို ကောင်းမွန်သော မူဝါဒအချိတ်အဆက် ဖြစ်ထွန်းလာရေး     တွန်းအားပေး လှုံ့ဆော်နိုင်ခဲ့သည်။ 


ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်း


မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့၏ ဖွံ့ဖြိုးမှုအနည်းဆုံးအဖွဲ့ဝင် ဖြစ်သည့်အတွက်  ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို  ခုနစ်နှစ် လျှင် တစ်ကြိမ်ကျင်းပရန် တာဝန်ရှိပြီး ဒုတိယအကြိမ်    ကုန်သွယ်မှု    မူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို    ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ ကုန်သွယ်မှု  မူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်အရအပိုင်း   သုံးပိုင်းဖြင့် လုပ်ဆောင်ရပြီး အပိုင်း (၁) အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏  အတွင်း ရေးမှူးရုံးမှ ပြုစုတင်ပြရသော အစီရင် ခံစာ (WTO Secretariat Report)၊ အပိုင်း(၂)အနေဖြင့် ကုန်သွယ်မှု မူဝါဒ ဆန်းစစ်သည့်အဖွဲ့ဝင်နိုင်ငံ၏ အစိုးရမှ ပြုစုတင်ပြရသော     အစီရင်ခံစာ (Government Report)   ၊ အပိုင်း (၃) အနေဖြင့် အဖွဲ့ဝင်နိုင်ငံများမှ မေးမြန်း သော   မေးခွန်းများကို     ပြန်လည် ရှင်းလင်းဖြေကြားခြင်းတို့  ဖြစ်သည်။ ကုန်သွယ်မှု      မူဝါဒ     ဆန်းစစ်ခြင်း လုပ်ငန်းစဉ်ဟု   ဆိုရာတွင်   ကမ္ဘာ့ ကုန်သွယ် ရေးအဖွဲ့ဝင်နိုင်ငံအားလုံးက မိမိနိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာမူဝါဒ များကို   အဖွဲ့ဝင်နိုင်ငံများအကြား ပွင့်လင်းမြင်သာစွာ  ချပြကာ  ယင်း မူဝါဒ၊     လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍    အခြားစိတ်ပါဝင်စား သည့် အဖွဲ့ဝင်များ၏ မေးမြန်းလာမှု များအပေါ်  မိမိတို့လက်ရှိ  ကျင့်သုံး နေသည့် မြေပြင်အခြေအနေ အရပ်ရပ် အား အခြေခံ၍ ပြန်လည်ရှင်းလင်း ဖြေကြားရခြင်းမျိုး  ဖြစ်သည်။


ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အတွင်း ရေးမှူးရုံးမှ ပြုစုခဲ့သော အစီရင်ခံစာ တွင်    မြန်မာနိုင်ငံ၏ကုန်သွယ်မှုနှင့်   ဆက်စပ်နေသည့် မူဝါဒများ  ချမှတ် ကျင့်သုံးနေမှုနှင့် ယင်းမူဝါဒများအပေါ်     လိုက်ပါ ဆောင်ရွက်နေမှု အခြေအနေ များနှင့်ပတ်သက်၍   လေ့လာတွေ့ရှိ ချက်များကို  စိစစ်တင်ပြထားသည်။  မြန်မာအစိုးရမှ WTO-TPR Mecha-nism အရ ပြုစုတင်ပြခဲ့သော   အစီရင် ခံစာတွင် ကုန်သွယ်မှု    မူဝါဒဆန်းစစ် သည့် ကာလဖြစ်သည့် (၂၀၁၄ - ၂၀၂၀ ပြည့်နှစ်များ)  အတွင်း၌   ကုန်သွယ်မှု နှင့် ဆက်စပ်သည့် မူဝါဒဆိုင်ရာပြုပြင် ပြောင်းလဲမှုများ၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏     သဘောတူညီချက်များနှင့် အညီ   လိုက်ပါဆောင်ရွက်မှု   အခြေ အနေများအပါအဝင် ယင်းသို့ ဆောင် ရွက်မှုများကြောင့် ကုန်သွယ်မှုဆိုင်ရာ ဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများကို တင်ပြခဲ့ခြင်းဖြစ်သည်။ TPR လုပ်ငန်း စဉ်၏ နောက်ဆုံးအပိုင်းအရ အဖွဲ့ဝင် နိုင်ငံများမှ  မေးမြန်းသော   မေးခွန်း များကို    ဖြေကြားတင်ပြခြင်းဖြစ်ပြီး     အတွင်းရေးမှူးရုံးအဖွဲ့၏ အစီရင်ခံစာ နှင့် အစိုးရ၏အစီရင်ခံစာပါ  အချက် များနှင့် ပတ်သက်၍ မရှင်းလင်းသည့် အချက်များ၊ ပိုမိုသိရှိလိုသည့် အချက် များ၊   ၎င်းတို့၏  ယူဆချက်များနှင့် ထောက်ပြစိစစ်လိုသည့် အချက်များ၊ အခြားသော  ဆက်စပ်သဘောထား      မှတ်ချက်များနှင့်   ပတ်သက်သော မေးခွန်းများအတွက်  သတ်မှတ်အချိန် ဇယားအတိုင်း     ပြန်လည်ရှင်းလင်း ဖြေကြားပေးရခြင်းဖြစ်သည်။


အပြီးသတ် အစီရင်ခံစာ


သို့ဖြစ်ပါ၍  အပိုင်း (၃)   ဆောင် ရွက်ချက်အနေဖြင့် ပြန်လည်ဖြေကြား ဆောင်ရွက်မှုအပြီးတွင် ဒုတိယအကြိမ်  ကုန်သွယ်မှု မူဝါဒ   လေ့လာဆန်းစစ် ခြင်းအတွက်       အပြီးသတ်အစီရင်ခံ သည့် Trade Policy Review Body- TPRB အစည်းအဝေးတစ်ရပ် ကျင်းပ ရခြင်းဖြစ်ပြီး   အဆိုပါအစည်းအဝေး ကျင်းပပြီးစီးပါက    မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်    ကုန်သွယ်မှု   မူဝါဒ လေ့လာဆန်းစစ်ခြင်းကို ပြီးမြောက် အောင်မြင်စွာ  ဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် ဖေဖော်ဝါရီ  ၁၅ ရက် နှင့် ၁၇ ရက်တို့တွင် Virtual Meeting ကျင်းပပြုလုပ်ခြင်းဖြစ်ကာ ဆက်လက် ၍  WTO  က အပြီးသတ်အစီရင်ခံစာ   ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရ သည်။           

သတင်းစဉ်