
ရန်ကုန် နိုဝင်ဘာ ၂၀
မြန်မာ့ရိုးရာ တန်ဆောင်တိုင် မီးထွန်းပွဲတော် အခါသမယ၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးနှင့် မြန်မာ-တရုတ် ဗုဒ္ဓဘာသာ ကူးလူး ဖလှယ်ရေးအသင်းတို့ ပူးပေါင်း၍ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲကို ရန်ကုန်မြို့၌ နိုဝင်ဘာ ၁၉ ရက်က ပူးပေါင်းကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသနှင့် ပင့်ဖိတ်ထားသည့် ဆရာတော် ၂၃ ပါး ကြွရောက် ချီးမြှင့်တော်မူကြသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Mr. Chen Hai က မြန်မာ-တရုတ်ဗုဒ္ဓဘာသာ ကူးလူး ဖလှယ်ရေးအသင်းမှတစ်ဆင့် ဗန်းမော်ဆရာတော်ကြီး အမှူး ပြုသည့် ဆရာတော်များအား ဂါရဝပြုပြီး ဆုတောင်းမေတ္တာ ပို့သကာ ဗုဒ္ဓဘာသာယဉ်ကျေးမှု သည် တရုတ် - မြန်မာချစ်ကြည် ရင်းနှီးစွာ ကူးလူးဖလှယ်ရေး၏ အရေးပါသော အခန်းကဏ္ဍဖြစ် ကြောင်း၊ ယခုအခမ်းအနားမှ တစ်ဆင့် တရုတ်-မြန်မာ ဗုဒ္ဓ ဘာသာ ကူးလူးဖလှယ်မှုနှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ပိုမိုနက်ရှိုင်းလာစေရန် မျှော်လင့် ကြောင်းနှင့် မြန်မာနိုင်ငံ အေးချမ်း သာယာဝပြောပြီး တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှုများ အဓွန့်ရှည် တည်တံ့ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ကြောင်း ပြောကြား သည်။
ဗန်းမော်ဆရာတော်ကြီးက မြန်မာ - တရုတ် နှစ်နိုင်ငံသည် အိမ်နီးချင်းများဖြစ်၍ တစ်နိုင်ငံ နှင့်တစ်နိုင်ငံ အပြန်အလှန် အမှီပြုပြီး ကောင်းကျိုးများကို ဆောင်ရွက်လျက် ရှိကြောင်း၊ နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီး စွာ ကူးလူးဆက်ဆံသွားလာ၍ ဘာသာရေးနှင့် ပတ်သက်သော တွေ့ဆုံဆွေးနွေးမှုများ အမြဲရှိနေ ကြောင်း၊ မြန်မာ-တရုတ်ဆက်ဆံ ရေး ပိုမိုအကျိုးရှိနိုင်လိမ့်မည်ဟုယုံကြည်ကြောင်း မိန့်ကြားသည်။
သီရိ