
နေပြည်တော် နိုဝင်ဘာ ၂၅
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟိုကောင်စီအစည်းအဝေး ကို နိုဝင်ဘာ ၂၄ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာန ချုပ်၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာ နိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မြဝင်း(အငြိမ်းစား)က အဖွင့်အမှာ စကားပြောကြားပြီး မြန်မာ နိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ (၂၀၂၁) ကျင်းပရေး ကော်မရှင် အတွင်းရေးမှူး ဗဟိုကောင်စီဝင် ဗိုလ်မှူးချုပ်မြင့် ဟိန်း (အငြိမ်းစား)က ညီလာခံ ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဗဟိုကောင်စီဝင် များက ၎င်းတို့၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင် ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။ ဆက် လက်၍ ညီလာခံ (၂၀၂၁) သို့ တင်သွင်းကြမည့် ဗဟိုကောင်စီ အစီရင်ခံစာ အကျဉ်းချုပ်ကို ဖတ်ကြားတင်ပြခြင်း၊ အတည် ပြုခြင်း၊ ဗဟိုအမှုဆောင်အဖွဲ့ စာတမ်းအကျဉ်းချုပ်ကို ဖတ် ကြားတင်ပြခြင်း၊ အတည်ပြုခြင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၁၀/၂၀၂၁ လမှ ၃/၂၀၂၂ လအထိ) ဘဏ္ဍာရေး လျာထားချက်ကို အတည်ပြုခြင်း၊ ရွေးချယ်မည့် လျာထားညီလာခံ ကိုယ်စားလှယ် အမည်စာရင်းကို အတည်ပြုခြင်း နှင့် ဆုံးဖြတ်ခြင်း(၇)ရပ် ၊ အတည် ပြုခြင်း (၁)ရပ်၊ မှတ်တမ်းတင်ခြင်း (၈)ရပ်တို့ကို ဆောင်ရွက်ခဲ့ပြီး ဗဟိုကောင်စီဥက္ကဋ္ဌက နိဂုံးချုပ် စကားပြောကြားကာ အစည်း အဝေးကို ရပ်နားခဲ့ကြောင်း သိရသည်။
သတင်းစဉ်