
နေပြည်တော် ဒီဇင်ဘာ ၂၃
“မြန်မာနိုင်ငံစာရင်းကောင်စီအကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် အသိပညာများဖြန့်ဝေသည့် ဆွေးနွေးပွဲ အမှတ်စဉ်(၁၀)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ Virtual စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော် က မြန်မာနိုင်ငံ စာရင်းကောင်စီ (MAC) ကို ၁၉၇၂ ခုနှစ်၊ ဇန်နဝါရီ လတွင် မြန်မာနိုင်ငံ စာရင်း ကောင်စီ ဥပဒေ (၁၉၇၂ခုနှစ်) အရ စတင်ဖွဲ့စည်းခဲ့ပြီး ယခုလာမည့် ဇန်နဝါရီလတွင် နှစ် (၅၀) ပြည့် မည်ဖြစ်ကြောင်း၊ ၁၉၉၄ ခုနှစ်၊ ၂၀၁၅ ခုနှစ် နှင့် ၂၀၂၁ ခုနှစ်တို့တွင် မြန်မာနိုင်ငံ စာရင်းကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း။
အထောက်အကူပြု
မြန်မာနိုင်ငံ စာရင်းကောင်စီ သည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက် အကူပြုမည့် အရည်အချင်းပြည့်မီ သော စာရင်းပညာရှင်များ မွေးထုတ်ခြင်း၊ နိုင်ငံတကာစာရင်း ကိုင် စံများ၊ စာရင်းစစ်စံများနှင့် အညီ စာရင်းများကို စနစ်တကျ ထိန်းသိမ်းနိုင်ရေး၊ စာရင်းစစ်ဆေး ခြင်းနှင့် စာရင်းဝန်ဆောင်မှု လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရေး အတွက် စာရင်းကိုင်စံများနှင့် စာရင်းစစ် စံများ သတ်မှတ်ပြဋ္ဌာန်းခြင်း၊ စာရင်းပညာရှင်များအား ကျင့်ဝတ် သိက္ခာစောင့်ထိန်းရေးကို တာဝန် ယူ ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် များအသင်း (MICPA) ကို ကြီးကြပ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု အချိန်တွင် MICPA သည် အရှေ့ တောင်အာရှနိုင်ငံများ ဆိုင်ရာ စာရင်းကိုင်များအဖွဲ့ချုပ် (ASEAN Federation of Accountants - AFA ) ၏ အဖွဲ့ဝင်အဖြစ် ဆောင် ရွက်လျက်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ စာရင်းကောင်စီသည် စာရင်းပညာ မူဝါဒများဆိုင်ရာ ကိစ္စရပ်များအတွက် ဆုံးဖြတ် ပိုင်ခွင့်ရှိသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ကြောင်း ပြော ကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် မြန်မာနိုင်ငံစာရင်း ကောင်စီရုံး (ရန်ကုန်) မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်ပပဝင်း က မြန်မာနိုင်ငံစာရင်းကောင်စီ၊ စာရင်းကောင်စီဥပဒေနှင့် မြန်မာ နိုင်ငံစာရင်း ကောင်စီရုံး၏ လုပ်ငန်းများနှင့်စပ်လျဉ်း၍ လည်း ကောင်း၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ခိုင်ဇင်ဝင်းက စာရင်း ကိုင်/စာရင်းစစ်နှင့် စာရင်း လုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ များကိုလည်းကောင်း၊ တာဝန်ရှိ သူများက လက်မှတ်ရပြည်သူ့ စာရင်းကိုင်သင်တန်း၊ ဒီပလိုမာ စာရင်းကိုင်သင်တန်းနှင့် စာရင်း ကိုင် အလုပ်သင်ဆိုင်ရာများကို လည်းကောင်း ဆွေးနွေးတင်ပြ ကြရာ ပြည်ထောင်စုစာရင်း စစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများက အကြံပြုခြင်း၊ ဆွေးနွေး မေးမြန်းခြင်းများ ပြုလုပ်ကြသည်။
တက်ရောက်ဆွေးနွေး
ဆွေးနွေးပွဲသို့ အမြဲတမ်း အတွင်းဝန်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စုပေါင်းခန်းမ နှင့် သင်တန်းကျောင်း ခန်းမ လေးခုတို့၌ တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်