မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်   ဒီဇင်ဘာ  ၂၂


မြန်မာနိုင်ငံ    ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ   အမျိုးသားကော်မတီ၏    စောင့်ကြည့် အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ    ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင်  နေပြည်တော်ရှိ  အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


တက်ရောက်


အစည်းအဝေးသို့   မြန်မာနိုင်ငံ  ကလေး အလုပ်သမား    စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး    တိုင်းဒေသကြီး/ ပြည်နယ် အဖွဲ့ဝင်များက  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။ 
အစည်းအဝေးတွင်   မြန်မာနိုင်ငံ  ကလေး အလုပ်သမား   စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ      ဒုတိယဝန်ကြီးက လုပ်ငန်းကော်မတီအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ  အမျိုးသားအဆင့် လုပ်ငန်း စီမံချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု များနှင့်စပ်လျဉ်း၍    တိုးတက်ဖြစ်ထွန်းမှုများ၊ စိန်ခေါ်မှုများကို စောင့်ကြည့်လေ့လာ အကဲဖြတ် နိုင်ရေး၊ ပေါင်းစပ်ညှိနှိုင်းအကောင်အထည်ဖော်ရေး အတွက် စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ၊ အသိပညာပေးနှင့်   အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီ၊ ဥပဒေရေးရာလုပ်ငန်းကော်မတီ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသော ကလေး အလုပ်သမားများဖယ်ရှားခြင်းနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ၊  ပညာရေးနှင့်   အသက်မွေး
ဝမ်းကျောင်းပညာလုပ်ငန်းကော်မတီ၊ အလုပ်အကိုင် အခွင့်အလမ်းများ  ဖန်တီးပေးနိုင်ရေး    လုပ်ငန်း ကော်မတီ၊ ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးလုပ်ငန်း ကော်မတီတို့နှင့်      ပေါင်းစပ်ဆောင်ရွက်ရန်လိုပါကြောင်း။


 ကော်မတီဝင်များအနေဖြင့်    မြန်မာနိုင်ငံ ကလေးအလုပ်သမား     ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ၂၀၁၉-၂၀၂၃ ကို ကောင်းစွာ နားလည်သဘောပေါက်ပြီး  အကောင် အထည်ဖော်ဆောင်ရွက်ရန်နှင့် စောင့်ကြည့်လေ့လာ ခြင်းနှင့် အကဲဖြတ်ခြင်း   မူဘောင်နှင့်စပ်လျဉ်းပြီး ညွှန်းကိန်း၊  အချိန်ကာလ၊  တာဝန်ယူမည့်အဖွဲ့ အစည်း များ၏  အကောင်အထည်ဖော်ဆောင်ရွက်မှုကို စီမံကိန်းရည်မှန်းချက် အောင်မြင်စေရေး  အမျိုးသား ရေးတာဝန်အဖြစ်ခံယူပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး/   ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများ၊ INGO၊ NGOs များနှင့် စဉ်ဆက်မပြတ်    ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးပြောကြားသည်။


ဆက်လက်၍  မြန်မာနိုင်ငံ  ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ စောင့်ကြည့်အကဲဖြတ် စိစစ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့်    တက်ရောက်လာသူများက ဆောင်ရွက်ချက်များကို    ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။       

                       
     သတင်းစဉ်