
ရန်ကုန် စက်တင်ဘာ ၂၈
မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ် (၂၂၈) ရှိ မြန်မာနိုင်ငံ စာကြည့်တိုက် များဖောင်ဒေးရှင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြသည်။
ရှေးဦးစွာ ဥက္ကဋ္ဌ ဦးညွန့်ဆွေက အမှာ စကားပြောကြားရာတွင် မိမိတို့ဖောင်ဒေးရှင်း သည် ပြည်သူများ ဗဟုသုတတိုးပွားစေရေး အတွက် စာကြည့်တိုက်များ တည်ထောင်ခြင်း၊ စာအုပ်စာစောင်များ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်နေသည့် လူမှုရေးအဖွဲ့အစည်း ဖြစ်ကြောင်း၊ ပြည်သူများ အကျိုးရှိစေမည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြားသည်။
အစည်းအဝေး တက်ရောက်ကြသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များက တိုင်း ဒေသကြီး/ပြည်နယ်များအလိုက် ဆောင်ရွက် ချက်များကို တင်ပြဆွေးနွေးကြပြီး ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်