မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန ကြည့်ရှုစစ်ဆေး

 

နေပြည်တော်    ဇူလိုင်    ၁၂


မြန်မာနိုင်ငံ    အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာ မြင့်သူမြိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေး အဖွဲ့သည်    ယနေ့တွင်     ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်    သံလွင်လမ်းရှိ   အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့        သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။


ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနအတွင်း လက်ခံစောင့်ရှောက် သင်ကြားပေးလျက်ရှိသော       သင်တန်းသူများ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာကျွေးမွေးမှု၊ အိပ်ဆောင်များထားရှိမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိမှု၊  သန့်ရှင်းသော  သောက်သုံးရေ  ရရှိအောင်    ဆောင်ရွက်ပေးနေမှု၊  ပညာသင်ကြားခွင့်၊ မိသားစု နှင့်  ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်း ခွင့်၊  အသက်မွေးဝမ်းကျောင်းပညာ သင်ကြားခွင့်၊   လွတ်လပ်စွာ  ယုံကြည်ကိုးကွယ်ခွင့် စသည့်အခြေခံ လူ့အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အကြံပြုချက် များ ပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်