မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်

 

နေပြည်တော် နိုဝင်ဘာ ၂၉


မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ    အားကစားမီဒီယာ များအဖွဲ့ချုပ်တို့      ပူးပေါင်း၍ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး အားကစားသမားဆုများ ချီးမြှင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီတွင်  နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း(Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပ သည်။


အခမ်းအနားသို့     မြန်မာ နိုင်ငံ  အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်    လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊    ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ  မသန်စွမ်း သူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး၊  အားကစားနှင့် ကာယပညာဦးစီးဌာန  ညွှန်ကြား ရေးမှူးချုပ်    ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊       မြန်မာနိုင်ငံ အားကစားမီဒီယာများ  အဖွဲ့ချုပ် ဥက္ကဋ္ဌ  ဦးဉာဏ်ထွန်းနှင့်  တာဝန် ရှိသူများ၊   အားကစားသမားများ တက်ရောက်ကြသည်။


အစီအစဉ်အရ    မြန်မာနိုင်ငံ အိုလံပစ်         ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်    လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက   ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် အားကစား နှင့်   လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် ထူးချွန်အောင်မြင်သည့် အားကစားသမားများကို   အလုပ် နေရာခန့်အပ်ပေးခြင်း၊   ရာထူး တိုးမြှင့်ပေးခြင်း၊ ဆုကြေးငွေများ ဂုဏ်ပြုချီးမြှင့်ပေးခြင်းနှင့်    နိုင်ငံ့ ဂုဏ်ဆောင်    အားကစားသမား ဟောင်းများကိုလည်း    ၎င်းတို့၏ စွမ်းဆောင်ခဲ့မှုအပေါ် မူတည်ပြီး ပင်စင်လစာကဲ့သို့ ထောက်ပံ့ကြေး များကို လစဉ်ပံ့ပိုးပေးလျက်   ရှိပါ ကြောင်း၊   နိုင်ငံတော်မှ   ကမ္ဘော ဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ သည့် (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ တွင်   ဆုရရှိခဲ့သည့်    အားကစား သမားများနှင့် အုပ်ချုပ်သူ/နည်းပြ များကို     ဂုဏ်ပြုချီးမြှင့်ငွေများ ထိုက်ထိုက်တန်တန်   ပေးအပ်ခဲ့ပါ ကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ် မြောက်    အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ် တွင်ကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံ     မသန်စွမ်းသူများ အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ  ဆွတ်ခူးရယူ ပေးမည့် အားကစားသမားများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ပေးနိုင်ရန်အတွက်လည်း    စီစဉ် ဆောင်ရွက်လျက်      ရှိပါကြောင်း၊ မြန်မာနိုင်ငံ     အားကစားမီဒီယာ များအဖွဲ့ချုပ်အနေဖြင့် အားကစား လောကအဆင့်အတန်းအောင်မြင် တိုးတက်စေရေးအတွက်  မီဒီယာ ပိုင်းနှင့်   အကြံဉာဏ်ကောင်းများ ဖြင့်  ဝေဖန်အကြံပြုချက်များပေး သွားရန် ပြောကြားခဲ့သည်။


ထို့နောက်    မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ၂၀၂၂ခုနှစ် အတွက်  အကောင်းဆုံးအားကစား သမားဆုများ  ရွေးချယ်ခဲ့မှုအခြေ အနေများနှင့်    ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို ရှင်းလင်းတင်ပြပြီး အကောင်း ဆုံး   အားကစားသမားဆုရရှိခဲ့သူ များ၏ Video Clip များကို ပြသ သည်။


ယင်းနောက်    ၂၀၂၂   ခုနှစ် အကောင်းဆုံး အားကစားသမား ဆုရရှိခဲ့ကြသည့် (၁၁)ကြိမ်မြောက် အာဆီယံ      မသန်စွမ်းသူများ အားကစားပြိုင်ပွဲမှ      ရေကူး အားကစားသမား   မောင်အောင် မြင့်မြတ်နှင့် ပြေးခုန်ပစ်အားကစား သမား   မထက်ထက်အေးတို့ကို ပြည်ထောင်စုဝန်ကြီး    ဦးမင်း သိန်းဇံက ဆုတံဆိပ်နှင့်  ဂုဏ်ပြု ချီးမြှင့်ငွေကျပ်သိန်း ၂၀ စီ ပေးအပ် ချီးမြှင့်သည်။


ဆက်လက်၍   မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးက ဆုရရှိ သူများကိုယ်စား    ကျေးဇူးတင် စကား      ပြန်လည်ပြောကြားပြီး ဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်၍ အခမ်းအနား ကို ရုပ်သိမ်းခဲ့သည်။


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည်   လယ်ဝေးမြို့နယ် ဘောလုံးအားကစားကွင်း၊ ရွှေကြာ ပင်အားကစားကွင်းနှင့်    ပေါင်း လောင်း   အားကစားကွင်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး မြို့နယ်အလိုက် အားကစားပြိုင်ပွဲ များ ကျင်းပနိုင်ရန်အတွက် ပြည်သူ လူထုအား    စည်းရုံးဆောင်ရွက် သွားရန်နှင့်          လိုအပ်သည့် အားကစား   အထောက်အကူပြု ပစ္စည်းများကို ပံ့ပိုးကူညီဖြည့်ဆည်း ပေးသွားရန်   တာဝန်ရှိသူများကို မှာကြားသည်။ 


ပြည်ထောင်စုဝန်ကြီး  သည် လယ်ဝေးမြို့နယ်ရှိ   အားကစား လေ့ကျင့်ရေးစခန်း      Training Centre – 2  သို့   ရောက်ရှိစဉ် ၂၀၂၃  ခုနှစ်  ဒီဇင်ဘာ ၄   ရက်မှ ၉ ရက်အထိ   ကျင်းပပြုလုပ်မည့် အခြေခံပညာ    ကျောင်းသား အားကစားပွဲတော်သို့   ဝင်ရောက် ယှဉ်ပြိုင်မည့်       ပြေးခုန်ပစ် အားကစားသမားများနှင့် အုပ်ချုပ် မှုအဖွဲ့ဝင်များ   တည်းခိုနေထိုင် စားသောက်ရေး အဆင်ပြေမှုရှိစေ ရန် သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး   လိုအပ်သည်များကို   ပံ့ပိုး ကူညီ    ဖြည့်ဆည်းပေးသွားရန် တာဝန်ရှိသူများအား   မှာကြားခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်