
နေပြည်တော် ဧပြီ ၄
မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင် အဖွဲ့၏(၁/၂၀၂၄)အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) နေပြည်တော်၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံ အစား အသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့သည် မြန်မာနိုင်ငံတစ်ဝန်းရှိ အများပြည်သူများ နေ့စဉ် စားသောက်သုံးစွဲနေသည့် အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည် အသွေး ပြည့်မီရေးအတွက် အမျိုးသား အစား အသောက်ဥပဒေ၊ အမျိုးသား ဆေးဝါးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မူဝါဒများ ချမှတ်ခြင်း၊ ကောင်းမွန်သော ကျင့်စဉ်များ သတ်မှတ်ပေးခြင်း၊ နိုင်ငံတကာအဆင့်မီ စံချိန်စံညွှန်းများ သတ်မှတ် ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေသည့် အဓိကကျ သော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ဦးတည် ချက် (၉)ရပ်အနက် စီးပွားရေး ဦးတည်ချက်ဖြစ်သည့် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင် အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး၊ ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်း ချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံ အတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး အစရှိသည့် ဦးတည်ချက်များ ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အစည်းအဝေး ကျင်းပရခြင်းဖြစ် ကြောင်း။
အစားအသောက်ကွင်းဆက်တစ်လျှောက်တွင် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူကာ ကြီးကြပ် ကွပ်ကဲလျက်ရှိသည့် သက်ဆိုင်ရာဌာနအသီးသီး၏ တာဝန်နှင့်ဝတ္တရားများ တိကျစွာ ခွဲခြားသတ်မှတ်နိုင် ရေး အလုပ်ရုံဆွေးနွေးပွဲကိုလည်း ကျင်းပသွားရန်ရှိ ကြောင်း၊ အာဏာပိုင်အဖွဲ့အနေဖြင့် ပြောင်းလဲ တိုးတက်နေသည့် ခေတ်စနစ်နှင့်အညီ လမ်းညွှန်ချက် များ၊ မူဝါဒများ၊ စည်းကမ်းချက်များကို ချမှတ်ပေး မှသာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်များကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် အစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီရေးအတွက် သက်ဆိုင်ရာဦးစီးဌာနအလိုက် အကြံပြုချက်များ၊ လမ်းညွှန်ချက်များကို ဝိုင်းဝန်းဆွေးနွေးကြစေလို ကြောင်း၊ ပြည်သူလူထုအနေဖြင့် စံချိန်စံညွှန်းမီ ဆေးဝါးများ အသုံးပြုနိုင်စေရေး၊ ဈေးကွက်အတွင်း ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး၊ ဆေးဝါးများ၏ ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက် ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်က မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးအာဏာပိုင် အဖွဲ့၏ (၁/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးခဲ့မှုများ၊ လက်ရှိဆောင်ရွက်ဆဲ အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိင်္ဂီဇင်က တရားမဝင် အစားအသောက်/ ဆေးဝါး/ ဆေးပစ္စည်း၊ အလှကုန်/လူသုံးကုန်များနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှုများနှင့် ပတ်သက်၍လည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ တာဝန်ရှိပုဂ္ဂိုလ် များကလည်းကောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် မြန်မာနိုင်ငံ အစား အသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြသည်။
ယင်းနောက် တင်ပြဆွေးနွေးချက်များအပေါ် အသေးစိတ်ညှိနှိုင်းဆွေးနွေး၍ အစည်းအဝေးမှ ဆုံးဖြတ်ချက်များ ချမှတ်ကာ မြန်မာနိုင်ငံ အစား အသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံအစားအသောက် နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ကိုယ်စား လှယ်များနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်