မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ် သတင်းထုတ်ပြန်ချက်(၁/၂၀၂၂)

 

၁။    စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်-နေပြည်တော်-လွိုင်ကော်-ရန်ကုန် ပျံသန်း ပြေးဆွဲသော မြန်မာအမျိုးသားလေကြောင်းပိုင်  ခရီးသည်လေယာဉ်ကို လေဆိပ်သို့ လေယာဉ်ဆင်းသက် နေစဉ် လက်နက်(စိစစ်ဆဲ) ဖြင့် ပစ်ခတ်ခံရသဖြင့် လေယာဉ်၏ဘယ်ဘက်ဝမ်းဗိုက်ပေါက်ပြီး လေယာဉ် ပေါ်ရှိ  ခရီးသည်တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန်ကြောင်း သိရပါသည်။

 


၂။    ခရီးသည်တင်လေယာဉ်သည် စစ်ဘက်ပစ်မှတ်မဟုတ်သဖြင့် ခရီးသည်တင်လေယာဉ်အား ပစ်ခတ် တိုက်ခိုက်သည့်အဖွဲ့အစည်းသည်  အကြမ်းဖက်မှုကို  ကျူးလွန်ခြင်းဖြစ်သဖြင့်  ပြစ်တင်ရှုတ်ချကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်
ရက်စွဲ။     ။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်