နေပြည်တော် နိုဝင်ဘာ ၂၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ မီးရထားသည် တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလ အတွင်း ခရီးသွားမိဘပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာ ခရီး သွားလာနိုင်ရန်အတွက် ရန်ကုန် - နေပြည်တော်- ရန်ကုန်၊ ရန်ကုန် - မော်လမြိုင် - ရန်ကုန်နှင့် ရန်ကုန်-ပြည် - ရန်ကုန် ခရီးစဉ်များကို အထူးရထားများဖြင့် အစုန်/အဆန် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာ ၂၄ ရက်တွင် နေပြည်တော် - ရန်ကုန် အစုန်အထူး ရထား၊ ရန်ကုန်-ပြည်-ရန်ကုန် အစုန်/အဆန်အထူးရထား၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန် အစုန်/အဆန် အထူးရထားများကို ပြေးဆွဲပေးခဲ့ပြီး ယနေ့တွင် ရန်ကုန် - မော်လမြိုင် - ရန်ကုန် အစုန်/ အဆန်အထူးရထား၊ ရန်ကုန် - ပြည် - ရန်ကုန် အစုန်/အဆန်အထူးရထားများ ဆက်လက် ပြေးဆွဲပေးခဲ့သည်။
ထို့ပြင် နိုဝင်ဘာ ၂၆ ရက်တွင် ရန်ကုန် - မော်လမြိုင် - ရန်ကုန် အစုန်/အဆန်အထူးရထား၊ ရန်ကုန် - ပြည် - ရန်ကုန် အစုန်/အဆန်အထူး ရထားများကို လည်းကောင်း၊ နိုဝင်ဘာ ၂၇ ရက်တွင် ရန်ကုန်-နေပြည် တော် အဆန်အထူးရထား၊ ရန်ကုန် - ပြည် - ရန်ကုန် အစုန်/အဆန် အထူးရထားနှင့် ရန်ကုန် - မော်လမြိုင် - ရန်ကုန် အစုန်/အဆန် အထူး ရထားများကိုလည်းကောင်း တန်ဆောင်တိုင်ရုံးပိတ်ရက်ပြီးဆုံး၍ ခရီးသွားမိဘပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ မိမိတို့နေရပ်သို့ အဆင်ပြေစွာ ပြန်လည်ခရီးသွားလာနိုင်ရန်အတွက် ထပ်မံပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့် ရထားပြေးဆွဲပေးမှုအပေါ် ခရီးသွားပြည်သူများက သဘောကျ နှစ်သက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်