
ရန်ကုန် ဒီဇင်ဘာ ၁၃
မြန်မာ့မီးရထားမှ ခရီးသွားပြည်သူများအဆင်ပြေစေရန် ဒီဇင်ဘာ ကျောင်းပိတ်ရက်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ အမှတ်(၅)အဆန်နှင့် အမှတ်(၆)အစုန် လေအိတ်ရထားအား ယခင် ဗုဒ္ဓဟူးနေ့၊ သောကြာနေ့၊ တနင်္ဂနွေနေ့ ပြေးဆွဲနေရာမှ နေ့စဉ်ပြေးဆွဲပေးမည် ဖြစ်သည်။
အဆိုပါ အမှတ်(၅)အဆန်ရထားသည် ရန်ကုန်မှ ညနေ ၃ နာရီ ၄၅ မိနစ်ထွက်ပြီး နောက်တစ်နေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် မန္တလေးသို့ ရောက်ရှိမည် ဖြစ်သည်။ အမှတ်(၆) အစုန်ရထားသည် မန္တလေးမှ ညနေ ၃ နာရီ ထွက်ပြီး နောက်တစ်နေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရန်ကုန်သို့ရောက်ရှိမည်ဖြစ်သည်။
လမ်းဘူတာများဖြစ်သည့် ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ သာစည် ဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အာကာလင်း