
နေပြည်တော် မေ ၄
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထား ၏ (၁၄၇) နှစ်မြောက် နှစ်ပတ် လည်နေ့ အထိမ်းအမှတ်အခမ်း အနားကို ယနေ့နံနက် ၉ နာရီက မြန်မာ့မီးရထားရုံးချုပ် နေပြည် တော် ဘူတာကြီးဝင်းအတွင်းရှိ ဘဝသံသရာခန်းမ၌ ကျင်းပ သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနလက်အောက်ရှိ ဌာန အကြီးအမှူးများ၊ မြန်မာ့မီးရထား မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဌာနအကြီးအကဲများနှင့် အရာ ထမ်း၊ အမှုထမ်းများ တက်ရောက် ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးက မြန်မာ့မီးရထား၏ (၁၄၇)နှစ်မြောက် နှစ်ပတ်လည် နေ့အထိမ်းအမှတ် ဂုဏ်ပြုအမှာ စကား ပြောကြားသည်။
ဆက်လက်၍ မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူးက ဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြ၍ (၁၄၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို ဖွင့်လစ်ပြသ သည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က မြန်မာ့မီးရထား၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် တစ်နှစ်တာကာလ အတွင်း မီးရထားတိုင်းနယ်မြေ၊ စက်ရုံ၊ ဆေးရုံများအလိုက် စွမ်းဆောင်ရည်အကောင်းဆုံးဆု များ၊ တစ်နှစ်တာကာလအတွင်း မိမိ၏လုပ်ငန်းတာဝန်ကို စွမ်းစွမ်း တမံဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်း များနှင့် သင်တန်းဆင်းထူးချွန်ဆုရရှိခဲ့ကြသည့်အရာထမ်း၊ အမှုထမ်း များကို ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ပြီး ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်