
ရန်ကုန် စက်တင်ဘာ ၂၉
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၀ ရက်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်မည့် “Project on Standardization for potential agricultural products export to Japan” စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကို စက်တင်ဘာ ၂၈ ရက်က မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ညွှန်ကြားရေးမှူး က ဦးဆောင်၍ ကျင်းပခဲ့သည်။
အဆိုပါလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်း အဝေးတွင် စီမံကိန်းသည် ယခင်ဘဏ္ဍာနှစ် က မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ဆောင်ရွက်ခဲ့သော စီမံကိန်းနှင့်မတူဘဲ အဆင့်ဆင့်ဆောင်ရွက်ရမည် ဖြစ်သဖြင့် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ စီမံကိန်း ကာလကို သုံးလသတ်မှတ်ထားပြီး ရည်ရွယ် ချက်မှာ မြန်မာ့လယ်ယာထွက်ကုန်များ အရည် အသွေး ပိုမိုတိုးတက်ကောင်းမွန်ကာ ဂျပန် နိုင်ငံစျေးကွက်သို့ ဝင်ရောက်နိုင်စေရန်၊ ဂျပန် နိုင်ငံစျေးကွက်သို့ စံချိန်မီတင်ပို့နိုင်ရေးအတွက် ထုတ်လုပ်မှုတန်ဖိုး ကွင်းဆက်တစ်လျှောက် စံချိန်စံညွှန်းဆိုင်ရာ အသိပညာပေးရန်၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား စိုက်ပျိုး ရေးထုတ်ကုန်များ တင်ပို့ရောင်းချမှုတိုးမြင့် လာစေရန်၊ ဝဥနှင့်ပတ်သက်၍ အာဆီယံ - ဂျပန်စင်တာ(AJC)မှ သီးခြားစီမံကိန်းတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်ရန်ရှိသည့်အတွက် ဝဥအစား အလားအလာရှိသော အခြားကုန်ပစ္စည်းအမယ်တစ်ခုကို အစားထိုးရွေးချယ်သွားရန်စသည်ဖြင့် စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ကမ္ဘောဇ ကုန်သွယ်မှုဗဟိုဌာနတာဝန်ခံနှင့် ကျွမ်းကျင်သူ များက အွန်လိုင်းနှင့် အော့ဖ်လိုင်းအနေဖြင့် တက်ရောက်ခဲ့ကြောင်း ကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့မှ သိရသည်။
၀၀၈