မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)ထုတ် ခြောက်တန်းသွား လက်ဆွဲကောက်စိုက်စက်နှင့် ဗီယက်နမ်နိုင်ငံထုတ် ခြောက်တန်းသွား လက်ဆွဲကောက်စိုက်စက်တို့ ယှဉ်ပြိုင်စမ်းသပ်

 

နေပြည်တော် စက်တင်ဘာ ၁၂


မြန်မာ့လယ်ယာသုံးစက်ကိရိယာ စက်ရုံ (အင်းကုန်း) မှ ထုတ်လုပ် သည့်  ခြောက်တန်းသွား  လက်ဆွဲ ကောက်စိုက်စက်နှင့်   ဗီယက်နမ် နိုင်ငံမှထုတ်လုပ်သည့် ခြောက်တန်း သွားကောက်စိုက်စက်တို့ သရုပ် ပြ  နှိုင်းယှဉ်စိုက်ပျိုးပြသခြင်းကို ယနေ့နံနက်ပိုင်းက  စိုက်ပျိုးရေး သုတေသနဦးစီးဌာန  ရေဆင်းရှိ  စိုက်ကွင်းအတွင်း      ပြုလုပ်ရာ စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်နှင့်  ဒုတိယ ဝန်ကြီးများ၊     တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု    အားပေး သည်။
အဆိုပါ  ခြောက်တန်းသွား လက်ဆွဲ   ကောက်စိုက်စက်များ ယှဉ်ပြိုင်စမ်းသပ်      စိုက်ပျိုးနေမှု အပေါ်   ပြည်ထောင်စုဝန်ကြီးက စက်မှုလယ်ယာဦးစီးဌာနမှ ထုတ် လုပ်ပြီး ပထမအကြိမ်  လက်တွေ့ သရုပ်ပြ    ဆောင်ရွက်ချက်အရ အားနည်းချက်များကို   ပြန်လည် ပြုပြင်၍   ယခု   ဒုတိယအကြိမ် သရုပ်ပြ   ဆောင်ရွက်ခြင်းတွင် တိုးတက်ကောင်းမွန်သော  စွမ်း ဆောင်ရည်တွေ့ရှိရကြောင်း။
မွမ်းမံပြုပြင်သွားရန်လို 
သို့ရာတွင်   ထုတ်လုပ်ထား သော ကောက်စိုက်စက်မှာ ကြံ့ခိုင် မှုရှိသော်လည်း   ပေါ့ပါးမှုလိုအပ် သေးသည့်အတွက်      ထပ်မံ၍   မွမ်းမံပြုပြင်သွားရန် လိုကြောင်း  ပြောကြားပြီး   တတိယအကြိမ် သရုပ်ပြသချိန်တွင်      ပြည့်စုံ ကောင်းမွန်သောအင်္ဂါရပ်များရရှိ ရန် လိုအပ်ချက်များကို    ဆွေးနွေး မှာကြားသည်။ 
စမ်းသပ်ထုတ်လုပ်နိုင်   
စက်မှုလယ်ယာ   ဦးစီးဌာန အနေဖြင့် တောင်သူများလယ်ယာ လုပ်ငန်းတွင် စရိတ်သက်သာစွာ ဖြင့် အလုပ်တွင်ကျယ်စွာ ဆောင် ရွက်နိုင်စေမည့်    လယ်ယာသုံး စက်ကိရိယာများ အသုံးပြုနိုင်ရေး အတွက် သုတေသနပြုလုပ်ခြင်း၊ စမ်းသပ်တီထွင်ခြင်း  လုပ်ငန်းများ ကို   စဉ်ဆက်မပြတ်   ဆောင်ရွက် လျက်ရှိပြီး      လယ်ယာလုပ်သား ရှားပါးမှုပြဿနာများကို  ကျော် လွှားနိုင်ရန်နှင့်    တန်ဖိုးနည်း ကောက်စိုက်စက်များကို     ကျယ် ကျယ်ပြန့်ပြန့်      အသုံးပြုလာ  နိုင်စေရေး     စက်မှုလယ်ယာဦးစီး ဌာန     မြန်မာ့လယ်ယာသုံး  စက် ကိရိယာ    စက်ရုံ (အင်းကုန်း) မှ   ခြောက်တန်းသွား     လက်ဆွဲ ကောက်စိုက်စက်ကို   စမ်းသပ် ထုတ်လုပ်နိုင်ခဲ့ကြောင်း     သိရ သည်။
သတင်းစဉ်