မြန်မာ့လက်မှုအနုပညာများကို ဖော်ထုတ်ပြသနိုင်သည့် ပုဂံညောင်ဦးဒေသထွက် ယွန်းထည်ပစ္စည်းများ

 

ညောင်ဦး   ဖေဖော်ဝါရီ   ၂၄


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်   ပုဂံဒေသထွက် မြန်မာ့ လက်မှုအနုပညာ ယွန်းထည်ပစ္စည်းများကို  လာရောက်လည်ပတ်ကြ သည့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ဝယ်ယူနိုင်ရန်အတွက် ယွန်းထည်ထုတ်လုပ်မှုလုပ်ငန်းများ  ပုံမှန်လည်ပတ်လုပ်ကိုင်လျက်ရှိ ကြောင်း ပုဂံမြို့ မြင်းကပါရပ်ရှိ ယွန်းလုပ်ငန်းရှင်များထံမှ သိရသည်။

 


ယွန်းထည်လုပ်ငန်းသည် မြန်မာ့လက်မှုအနုပညာဖြစ်ပြီး အင်မတန် အနုစိတ် လုပ်ကိုင်ရသောလုပ်ငန်းဖြစ်ပြီး   ယွန်းပစ္စည်းအမျိုးပေါင်း တစ်ရာကျော်ပြုလုပ်ကြောင်း၊    ယွန်းလုပ်ငန်းရှင်များ အများဆုံးပြုလုပ် သည့်  
ယွန်းထည်ပစ္စည်းများမှာ   ယွန်းလက်ဖက်အစ်၊ ယွန်းဆွမ်းအုပ်များဖြစ်ကြောင်း သိရပြီး  ပုဂံခေတ်မှ သည် ကုန်းဘောင်ခေတ်နှောင်းပိုင်းအထိ မြန်မာ လူမျိုးများ  ယွန်းထည်အမျိုးမျိုးကို  အသုံးပြုခဲ့ကြ ကြောင်း၊    ပလို့   ခေါ်     ငါးဆင့်ပလို့ဆွမ်းအုပ်များဖြင့်   ယနေ့တိုင်  ရွှေစည်းခုံဘုရားပွဲ၊  အာနန္ဒာဘုရားပွဲ၊   ငှက်ပစ်တောင်ဘုရားပွဲ၊     တုရင်တောင်ဘုရားပွဲ၊  ကန်တော့ပလ္လင်ဘုရားပွဲများနှင့်       မကွေးတိုင်းဒေသ ကြီး    ချောက်မြို့နယ်    စလေမြို့   ရှင်ပင်စာကြိုလှ ဘုရားပွဲများတွင်    ဆွမ်းတော်များ   လောင်းလှူလျက် ရှိသေးကြောင်း  သိရသည်။

 


ယွန်းလုပ်ငန်းသုံးပစ္စည်းများတွင်     မပါမဖြစ်   မြန်မာနိုင်ငံအနှံ့အပြားမှ  ထွက်ရှိသည့် မဲတင်းခါးဝါး၊ တင်းဝါး၊    နန်းထောင်ဝါး၊    မဲဇာဝါးများကိုသုံး၍ ယွန်းထည်အမျိုးမျိုးပြုလုပ်ကြသော်လည်း မဲတင်းခါး ဝါးတစ်မျိုးတည်းကိုသာ    ယွန်းထည်ပြုလုပ်ရာတွင်     စွဲစွဲမြဲမြဲ အသုံးပြုကြကြောင်း   သိရသည်။ ယွန်းထည် ပြုလုပ်ရခြင်းအဆင့်ဆင့်တွင်       အချောခံခြင်း၊   စဉ့်ဖတ်တင်ခြင်း၊  နှီးခေါင်းထိုးခြင်း၊  နှီးစိတ်ခြင်း၊ ကြောင်လိမ်ထည်လုပ်ခြင်း၊   ပွေတည်ခြင်း၊ မြေခံ ခြင်း၊   အဖြူခွေခြင်း၊   နှီးဖျာခြင်း၊   ပုတ်ထည်၊ ယွန်းထပ်ခြင်း၊ သားရိုးချောခြင်း၊ ဓားကောက်ခြစ်ခြင်း၊  နှီးသပ်ခြင်း၊   ရက်ထည်တို့ကို   အဆင့်ဆင့်ပြုလုပ်ရ ကြောင်း၊  ယွန်းထည်ပစ္စည်းများသုတ်ရန်   သစ်စေး ၁၀ ပိဿာပုံးတစ်ပုံး ကျပ်သုံးသိန်း ပေးဝယ်ရကြောင်း သိရသည်။


ဒီပါလင်း