မြန်မာကိုယ်စားလှယ်အဖွဲ့ ဒူဘိုင်းကုန်စည်ပြပွဲတွင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ AgraMe, AquaMe ပြခန်းများ ကြည့်ရှုလေ့လာ

နေပြည်တော်  ဒီဇင်ဘာ  ၁၃


အာရပ်စော်ဘွားများနိုင်ငံ ဒူဘိုင်းမြို့တွင် ကျင်းပသော အာဆီယံနိုင်ငံများရှိ   သမုဒ္ဒရာများ  ရေရှည်တည်တံ့ စေရေးဆိုင်ရာ  အဆင့်မြင့်ဖိုရမ်သို့တက်ရောက်ရန် ရောက်ရှိနေသော  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည်    ဒီဇင်ဘာ ၉ ရက်က   ဒူဘိုင်းကုန်စည် ပြပွဲတွင် ပြသထားသည့် ပြခန်းများနှင့် ပြည်ထောင်စု အာရပ်စော်ဘွားများနိုင်ငံအစိုးရ       ရာသီဥတု ပြောင်းလဲခြင်းနှင့်   သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် အရှေ့အလယ်ပိုင်း ဒေသနှင့်  အာဖရိကဒေသ   စားနပ်ရိက္ခာဖူလုံရေး အတွက်ရည်ရွယ်ကျင်းပသော  စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ AgraMe, AquaMe ပြခန်းများကို သွားရောက် ကြည့်ရှုလေ့လာပြီး ပြခန်းတာဝန်ခံများ၊ နည်းပညာ ရှင်များ၊    စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏     လက်ရှိစိုက်ပျိုးမွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ    နည်းပညာရပ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်   အခွင့်အလမ်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


 စီမံဆောင်ရွက်


အဆိုပါ  စိုက်ပျိုးမွေးမြူရေးဆိုင်ရာ AgraMe, AquaMe ပြခန်းသည်  ဒေသတွင်းနိုင်ငံများ စားနပ် ရိက္ခာဖူလုံမှုကို သေချာစေရန် ရေရှည်တည်တံ့သော၊ ဆန်းသစ်သော  စိုက်ပျိုးမွေးမြူရေး  အလေ့အကျင့် များကို မြှင့်တင်ပေးသည့်  ဦးဆောင်ပွဲတစ်ခုဖြစ်ပြီး  Aqua Bio Technology  ပြခန်းတွင်   ပြသထားသော ရေအရည်အသွေး  ထိန်းသိမ်းရေးနှင့်  စောင့်ကြည့် ထိန်းချုပ်ခြင်း  စက်ကိရိယာများကိုလည်းကောင်း၊ MA/RA SAG (Italy)    ပြခန်းတွင်ပြသထားသော အဆင့်မြင့်နည်းပညာသုံး   စိုက်ပျိုးရေး  ထွန်ယက် ပစ္စည်းများကိုလည်းကောင်း၊   APISA Bio Tech ပြခန်းတွင်   အသစ်တီထွင်ပြသထားသည့်   စိုက်ပျိုး မွေးမြူရေးဆိုင်ရာ ထွက်ကုန်ပစ္စည်းများကို အခြောက် ခံသည့် လုပ်ငန်းသုံး နည်းပညာများကိုလည်းကောင်း၊ Agri Green ပြခန်းတွင်ပြသထားသည့်    တိရစ္ဆာန် အစားအစာပင်များ   အခြောက်ခံခြင်းနှင့်  ချဉ်ဖတ် ပြုလုပ်ခြင်းများအတွက် အဆင့်မြင့်နည်းပညာများ ကိုလည်းကောင်း၊   Due Agri srl  ပြခန်းတွင်  ပြသ ထားသည့် နွားမွေးမြူရန်အတွက်  ရေးဆွဲထားသည့် အဆောက်အအုံ(တဲ) ဒီဇိုင်းများနှင့်  ပြီးပြည့်စုံသော မွေးမြူရေးဆိုင်ရာ  အဆောက်အအုံသုံးပစ္စည်းများ ထုတ်လုပ်မှုကိုလည်းကောင်း၊ M Aqua Moaf ပြခန်းရှိ ရာသီဥတုနှင့်ကိုက်ညီသည့်  အဆင့်မြင့်ကုန်းတွင်း ငါးမွေးမြူခြင်းဆိုင်ရာ နည်းပညာများကိုလည်းကောင်း၊    AKVA Group မှ  ပြသထားသည့် ပင်လယ်နှင့်မြစ်ချောင်း ဆည်များအတွင်း  လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူနိုင် မည့် နည်းစနစ်များကိုလည်းကောင်း၊  ဆော်ဒီနိုင်ငံ အစိုးရ   အမျိုးသားရေလုပ်ငန်းဖွံ့ဖြိုးရေး    အစီအစဉ် ကို     လေ့လာပြီး   ငါးလုပ်ငန်းကဏ္ဍတွင်  လူငယ်များ   ပိုမိုပါဝင်လာစေရေးနှင့်     စွန့်ဦးတီထွင်နိုင်သည့်   လူငယ်များဖြစ်လာရန်   စီမံဆောင်ရွက်နေမှု လုပ်ငန်း များကိုလည်းကောင်း     လေ့လာဆွေးနွေးခဲ့သည်။


ဆွေးနွေး


အလားတူ         ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည်   ဒူဘိုင်းမြို့ရှိ   ငါးများ၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ၊  ဟင်းခတ် အမွှေးအကြိုင်များ   ရောင်းချသည့်  Water Front လက်လီ၊ လက်ကားဈေးသို့  သွားရောက်၍  စားသုံးသူ များအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လတ်ဆတ်၍ အရည်အသွေးပြည့်မီသည့်   စား‌သောက်ကုန်များ ရောင်းချသည့်နည်းစနစ်များနှင့် ငါးဈေးတွင် ရောင်းချ နေသော ငါးမျိုးစိတ်များအား လေ့လာပြီး  မြန်မာနိုင်ငံ မှ ငါးများနှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များ ပိုမို တင်ပို့ရောင်းချနိုင်ရေးအတွက်      သက်ဆိုင်ရာ စီးပွားရေး  လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍  ဆွေးနွေး ခဲ့သည်။


၂၀၂၀-၂၀၂၁ ခုနှစ်တွင်   မြန်မာနိုင်ငံမှအရှေ့ အလယ်ပိုင်းဒေသ GCC အဖွဲ့ဝင်ခြောက်နိုင်ငံသို့ စုစု ပေါင်း အမေရိကန်ဒေါ်လာ  ၇၆ သန်းကျော်တန်ဖိုးရှိ ရေချို ၊ ရေငန်ငါး၊ ပုစွန်နှင့်ရေထွက်ပစ္စည်း တန်ချိန် ငါးသောင်းကျော်တင်ပို့ရောင်းချခဲ့ပြီး  ဆော်ဒီနိုင်ငံနှင့် UAE နိုင်ငံများသို့ အမေရိကန်ဒေါ်လာ  ၃၆  သန်းဖိုး စုစုပေါင်းတန်ချိန်  ၃၆၀၀၀ ဖြင့်  အများဆုံးတင်ပို့ ခဲ့ကြောင်း သိရသည်။                  

     

    သတင်းစဉ်