
နေပြည်တော် ဧပြီ ၆
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာနှင့် အညီ ရိုးရာမပျက်ကျင်းပနိုင်ရန်၊ ပြည်သူ များ ကိုယ်စိတ်နှစ်ပါး ရွှင်လန်း ချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော် တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင် ဆင်နွှဲနိုင်ရန် ၊ ပြည်သူများ မိမိတို့ ပင်ပန်းနွမ်းနယ်သမျှကို အတာရေ ပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏ တာဝန် များကို စွမ်းအားပြည့်ဆောင်ရွက် နိုင်ကြစေရန်၊ မြန်မာမှု မြန်မာ့ဟန် မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ် သာရများဖြင့် နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရန် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် ဖျော်ဖြေရေး မဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ် များ ဆောက်လုပ်လျက်ရှိကြ သည်။
မြန်မာ့အသံနှင့် ရုပ်မြင် သံကြားအနေဖြင့်လည်း ပြည်သူ များ စိတ်အပန်းဖြေစေရန် ခါသင်္ကြန် အဆို၊ အက အစီအစဉ် တင်ဆက်နိုင်ရန်အတွက် စီစဉ် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာ များ၊ တက္ကသိုလ်နှင့် ကျောင်း များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ သင်္ကြန် ယိမ်းအဖွဲ့များသည် နေပြည်တော် (တပ်ကုန်း) နှင့် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးရေး ဆောင်ရွက်လျက် ရှိသကဲ့သို့ ဌာနဆိုင်ရာများ၊ တက္ကသိုလ်နှင့် ကျောင်းများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များမှ သင်္ကြန် ယိမ်းအဖွဲ့များသည်လည်း သက်ဆိုင်ရာနေရာများ အလိုက် သင်္ကြန်တေးသီချင်းများဖြင့် ယိမ်း အကများ ဇာတ်တိုက်လေ့ကျင့် လျက်ရှိကြသည်။
ယနေ့နံနက်ပိုင်းတွင် နေပြည် တော် (တပ်ကုန်း)ရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သင်္ကြန် ယိမ်းအဖွဲ့များသည် “တောင်းဆု ခြွေ” တေးသီချင်းဖြင့် လည်း ကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ သင်္ကြန်ယိမ်းအဖွဲ့များသည် “ချမ်းပါတယ်” တေးသီချင်းဖြင့် လည်းကောင်း၊ နေပြည်တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ သင်္ကြန်ယိမ်းအဖွဲ့များ သည် “တစ်နှစ်နွမ်း တစ်နှစ်ဆန်း” နှင့် “ယိမ်းသမလေးတွေရေ” တေးသီချင်းများဖြင့် လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သင်္ကြန် ယိမ်းအဖွဲ့များသည် “တစ်နှစ်နွမ်း တစ်နှစ်ဆန်း” နှင့် “ရွှေမန်း မာလာ” တေးသီချင်းများဖြင့် လည်းကောင်း၊ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနမှ သင်္ကြန် ယိမ်း အဖွဲ့များသည် “သင်္ကြန်မိုး” တေးသီချင်းဖြင့် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့ များသည် “နွေမ” နှင့် “တစ်နှစ်နွမ်း တစ်နှစ်ဆန်း” တေးသီချင်းများ ဖြင့် လည်းကောင်း၊ ပျဉ်းမနား မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့ သည် “တစ်နှစ်နွမ်းတစ်နှစ်ဆန်း” တေးသီချင်းဖြင့် လည်းကောင်း ရိုက်ကူးရေး ဆောင်ရွက်ကြသည်။
ထို့နောက် ယိမ်းအဖွဲ့များ သည် မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၏ စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ် အဆက်ဆက် ရုပ်သံထုတ်လွှင့်ရေး လုပ်ငန်းများတွင် အသုံးပြုခဲ့သည့် အသုံးအဆောင်နှင့် စက်ပစ္စည်း များ၊ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းစဉ် ခင်းကျင်းပြသထားမှုများ၊ မြန်မာ့ ရိုးရာနှင့် ခေတ်ပေါ်တူရိယာ များ ခင်းကျင်းပြသထားမှုတို့ကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာ ကြသည်။
အလားတူ ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သင်္ကြန် ယိမ်းအဖွဲ့များသည် “အောင်ရေချမ်းနဲ့ ကြိုနေမယ်”၊ “နှစ်ကူးမှာ အချစ်ဦးအတွက်”၊ “အတာနွေပန်း”၊ “ပန်းဝါ ပိတောက်မင်း” နှင့် “သင်္ကြန်ဆု” တေးသီချင်းများဖြင့် လည်းကောင်း၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲ အလက (၁) သင်္ဃန်း ကျွန်းမှ ယဉ်ပျိုမဒီယိမ်းအဖွဲ့သည် “သင်္ကြန်မိုး” တေးသီချင်းဖြင့် လည်းကောင်း ရိုက်ကူးရေး ဆောင်ရွက်ကြသည်။
ထို့ပြင် မြန်မာတို့၏ ရိုးရာ သင်္ကြန်ကို ပေါ်လွင်အောင်ဆင်နွှဲ ရင်း ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်း ကာ စည်းကမ်းတကျပျော်ပျော် ရွှင်ရွှင်ဖြစ်စေရန်နှင့် အဆင့်မီသော သင်္ကြန်တစ်ခုဖြစ်စေရန် ရည်ရွယ် ချက်ဖြင့် နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန် အစီအစဉ် ကို တိုင်းရင်းသားသင်္ကြန်၊ လူငယ် Game သင်္ကြန်၊ သနပ်ခါးသင်္ကြန် စသည်ဖြင့် ကလေး၊ လူငယ်၊ လူကြီးများအားလုံး ပျော်ရွှင်စေရန် ကဏ္ဍများစွာထည့်သွင်း၍ ဆောင် ရွက်လျက်ရှိသည့်အပြင် ဝန်ကြီး ဌာန မဏ္ဍပ်များမှ ရေကစားမဏ္ဍပ် များလည်းပါဝင်ဆင်နွှဲရန် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်