မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲ သောကြာနေ့ညတွင် ဆက်လက်ဖျော်ဖြေမည်

 

 

နေပြည်တော် ဒီဇင်ဘာ ၂၃

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံ(ရေဒီယို)တွင် ထင်ရှား ကျော်ကြားခဲ့သော တေးသီချင်းများအနက်မှ (၇၅)ပုဒ်ကို ရွေးချယ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း MRTV ၏ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့်လျက်ရှိရာ ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့) ညတွင် ပွဲစဉ် (၃)ကို ဆက်လက်ဖျော်ဖြေမည်ဖြစ်သည်။

အဆိုပါပွဲစဉ်တွင် EMPEROR MUSIC BAND & SPECTRUM MUSIC BAND တေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် တင်ဦးလေး ၊ ဝါးခယ်မရဲမောင် ၊ ရင်ဂို ၊ စည်သူလွင်၊ တိုနီသစ်လွင် ၊ မျိုးကျော့မြိုင် ၊ မေဆွိ ၊ ကော်နီ ၊ ရှင်ဖုန်း ၊ ရေဗက္ကာဝင်း ၊ စိုးပြည့်သဇင် ၊ ဂျူဝယ်လ်၊ ချမ်းမြေ့မောင်ချိုနှင့် မေလသံစဉ်တို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး ယင်းတင်ဆက်မှုကို ဒီဇင်ဘာ ၂၇ ရက် ၊ တနင်္ဂနွေနေ့ ၊ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်