မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းမိသားစုများ၏ တန်ဆောင်တိုင်ပွဲတော်ကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၇


မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား ဝန်ထမ်း        မိသားစုများ၏ တန်ဆောင်တိုင်    ပွဲတော်ကို    ယနေ့ ညနေပိုင်းတွင်   တပ်ကုန်း မြို့ရှိ   မြန်မာ့အသံနှင့်   ရုပ်မြင် သံကြား၌ စည်ကားသိုက်မြိုက်စွာ  ကျင်းပသည်။

 


ပျော်ရွှင်စွာဆင်နွှဲ


အဆိုပါ           ပွဲတော်သို့ ပြည်ထောင်စုဝန်ကြီး   ဦးမောင် မောင်အုန်းနှင့်ဇနီး            ဒေါ်ခင် ဆွေဝင်း၊  ဌာနဆိုင်ရာ အကြီးအကဲ များ၊       ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အနုပညာရှင် များ၊  ဝန်ထမ်းများနှင့်  ၎င်းတို့၏ မိသားစုဝင်များ    တက်ရောက်၍ ပျော်ရွှင်စွာဆင်နွှဲကြသည်။

 


ပွဲတော်         မစတင်မီ ပြည်ထောင်စုဝန်ကြီးနှင့်   အဖွဲ့ သည်   မြန်မာ့အသံနှင့်  ရုပ်မြင် သံကြားရှိ  မဟာဗောဓိ  ဂြိုဟ်ရှစ် ခွင်ဘုရား       ဆီမီးတစ်ထောင် ပူဇော်ပွဲသို့ တက်ရောက်ပြီး ပန်း၊ ရေချမ်းနှင့်  ဆီမီးတို့ကို  ကပ်လှူ ပူဇော်သည်။

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်    ဇနီးတို့က   MRTV ပန်းခြံ၌ ကျင်းပသည့် မြန်မာ့အသံ နှင့်  ရုပ်မြင်သံကြား   မိသားစု တန်ဆောင်တိုင်ပွဲတော်ကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး    ဝန်ထမ်း မိသားစုများကို        ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ 

 


ကြည့်ရှုအားပေး


ထို့နောက်         ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီးတို့က    မြတ်စွာ ဘုရားရှင်နှင့် တာဝတိံသာ နတ် ပြည်ရှိ စူဠာမဏိစေတီတော်အား ရည်မှန်း၍   ဆီမီးနံ့သာများဖြင့် စုစည်းပူဇော်ရန် မီးထွန်းညှိပေး ကြပြီး MRTV  ရုံးချုပ်နှင့်  ဌာန ခွဲများ၊   Channel  များအလိုက် မီးပုံးပျံ   ၁၁ လုံး   လွှင့်တင်မှုကို ကြည့်ရှုအားပေးသည်။

 


ယင်းနောက်  တန်ဆောင်တိုင် ပွဲတော်အလှူ  ဝန်ထမ်းမိသားစု များအား ကံစမ်းမဲ ဖောက်ပေးပြီး မဲပေါက်သည့်      ပစ္စည်းများအား လှူဒါန်းဝေငှခြင်း၊   တန်ဆောင် တိုင်ရိုးရာ မဲဇလီဖူးသုပ်နှင့် ကြာဆံ ဟင်းခါး စတုဒိသာကျွေးမွေးခြင်း နှင့် မီးရှူး၊ မီးပန်းများ ပစ်ဖောက် ခြင်း၊ မီးပုံးပျံ  ၆၃ လုံးလွှတ်တင် ခြင်းနှင့်  နိဗ္ဗာန်ဈေးပွဲတော်တွင် တိုင်းရင်းသားရိုးရာ  အစားအစာ များ ရောင်းချခြင်းတို့ကို စည်ကား သိုက်မြိုက်စွာ ဆက်လက်ကျင်းပ ရာ     ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က         လှည့်လည်ကြည့်ရှု အားပေးသည်။ 

 


တက်ရောက်ကြည့်ရှု


ထို့နောက်   မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၏ တေးဂီတဖျော်ဖြေပွဲ၊ ဝန်ထမ်းများ နှင့်   မိသားစုများ၏  သီချင်းဆို ပြိုင်ပွဲသို့    တက်ရောက်ကြည့်ရှု အားပေးကာ    ဆုများ   ချီးမြှင့် ပေးအပ်ခဲ့သည်။     


 သတင်းစဉ်