
နေပြည်တော် အောက်တိုဘာ ၇
အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အား သစ်များရရှိနိုင်ရန်အတွက် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေ ရေး အစီအစဉ်များကို တိုးမြှင့် တင်ဆက်လျက်ရှိရာ သီတင်းကျွတ် လပြည့်နေ့ အထိမ်းအမှတ် အထူး အစီအစဉ်အဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ ဖျော်ဖြေတင်ဆက်မည့် “ အဉ္ဇလီ အငြိမ့်” ဖျော်ဖြေပွဲကို အောက်တို ဘာ ၉ ရက်၊ (တနင်္ဂနွေနေ့) ည ၈ နာရီသတင်းအပြီးတွင် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား၏ MRTV- HD Channel မှ ထုတ်လွှင့်ပြသ မည်ဖြစ်သည်။
ယင်းဖျော်ဖြေမှုကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၊ အသံ လွှင့်ဌာနခွဲမှ ဦးစီးအရာရှိ ဦးစောမင်းနောင်က စီစဉ်ပြီး မြန်မာ့အသံ ဆိုင်းဝိုင်းကြီးအဖွဲ့ ၏ တီးခတ်မှုနှင့်အတူ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်း များဖြစ်ကြသည့် ခေါင်းဆောင် မင်းသမီး ယဉ်ယဉ်ဝေ၊ ရှေ့ထွက် မင်းသမီး မြတ်သဇင်သင်း၊ လူရွှင် တော်များဖြစ်ကြသည့် စောမင်း နောင်၊ ဇော်မင်းထွန်း၊ ကျော်မင်းစိုး၊ မျိုးကျော်သူ၊ လင်းဇော်နိုင်နှင့် ဇင်ဝိုင်းတို့က ဖျော်ဖြေတင်ဆက် ကြမည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို အောက်တိုဘာ ၁၂ ရက် (ဗုဒ္ဓဟူး နေ့) မွန်းလွဲပိုင်း National News အင်္ဂလိပ်ဘာသာ သတင်းအစီ အစဉ်အပြီးတွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့် ပြသမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်