မြန်မာအပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးအသင်း(MIAC)၏ ဒဂုံမြို့သစ်ခရိုင်ရုံးခန်းဖွင့်

 

ရန်ကုန်  မတ်  ၁၆


Myanmar International Arbitration Centre (MIAC) Incorporated အသင်းကြီး၏ ဒဂုံမြို့သစ် ခရိုင်ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို မတ် ၁၅ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အမှတ် (၂၄၇) (မြေညီထပ်) ၌ ကျင်းပရာ  MIAC  (ဗဟို)  ဥက္ကဋ္ဌ ဦးအဲလ်ဘတ်ဇော်မင်းနှင့်    ဗဟိုအလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်းဒေသကြီး   အမှုဆောင်များ၊   ဒဂုံမြို့သစ်ခရိုင် ဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်နှင့် ခရိုင်အမှုဆောင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင် MIAC (ဗဟို) ဥက္ကဋ္ဌ ဦးအဲလ်ဘတ် ဇော်မင်းက အမှာစကားပြောကြားပြီး MIAC (ရန်ကုန်တိုင်း ဒေသကြီး) ခရိုင်ရုံးများ   ဖွဲ့စည်းရေးကော်မတီ    ဥက္ကဋ္ဌ ဦးရဲညွန့်က ခရိုင်အလုပ်အမှုဆောင်များ ရွေးချယ်ခန့်အပ်မှု များနှင့် ရှေ့ဆက်လက်ပြီး ဖွဲ့စည်းဆောင်ရွက်သွားမည့် အစီ အစဉ်များကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် MIAC (ဒဂုံမြို့သစ်ခရိုင်) ဆိုင်းဘုတ်ကို ဆိုင်းဘုတ်တင်ပေးသည်။ ယင်းနောက် MIAC (ဒဂုံမြို့သစ်ခရိုင်) ဥက္ကဋ္ဌ ဦးမျိုးမြင့်အောင် က  ကျေးဇူးတင်ဝမ်းမြောက်စကား  ပြောကြားပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

 


မောင်မောင်(လျှပ်စစ်)