မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီ ၂၇ ခုမှ အာမခံဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် ဖေဖော်ဝါရီ ၁၆


အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေး     (၁/၂၀၂၃)ကို ယမန်နေ့က   နေပြည်တော်ရှိ စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီး ဌာန     အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 


အစည်းအဝေးတွင်   အာမခံ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က      အမှာစကား    ပြောကြား ပြီး(အပေါ်ယာပုံ)   အတွင်းရေးမှူး နှင့်  တာဝန်ရှိသူများက   ယခင် အစည်းအဝေး (၂/၂၀၂၂) ဆုံးဖြတ် ချက်များအပေါ်  ဆောင်ရွက်ပြီးစီး မှု၊ အသက်အာမခံအမျိုးအစားသစ် ဆောင်ရွက်ခွင့်ပြုရေး၊   ကျန်းမာ ရေးအာမခံ     အမျိုးအစားသစ် ဆောင်ရွက်ခွင့်ပြုရေး၊ Constr-uction All Risk (CAR) နှင့် Erection All Risk (EAR) တို့၏ Policy Wording သုံးစွဲခွင့်ပြုရေး၊ နိုင်ငံခြား အာမခံကိုယ်စားလှယ်ရုံး မှတ်ပုံတင်လက်မှတ်   ပယ်ဖျက် ခွင့်ပြုရေး၊ ကော်ပိုရိတ် အသက် အာမခံ    ကိုယ်စားလှယ်  သုံးခု လိုင်စင်သက်တမ်းတိုးရေး၊ အာမခံ ကိုယ်စားလှယ် နှစ်ဦး၏ အာမခံ ကိုယ်စားလှယ်      လုပ်ကိုင်ခွင့် လိုင်စင်သက်တမ်းတိုး   လျှောက် ထားလာခြင်း၊    မြန်မာ့အာမခံ သင်တန်းကျောင်း    (မန္တလေး ကျောင်းခွဲ) တည်ထောင်ခွင့်ပြုရန် လျှောက်ထားခြင်းနှင့် မှတ်တမ်း တင်ရန်  ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။ 

 


မြန်မာနိုင်ငံ၏      အာမခံ ဈေးကွက်တွင် ရာနှုန်းပြည့် နိုင်ငံ ခြားသားပိုင်    အသက်အာမခံ ကုမ္ပဏီ   ငါးခု၊  ဖက်စပ်အသက် အာမခံကုမ္ပဏီ သုံးခု၊ နိုင်ငံသားပိုင် အသက်အာမခံကုမ္ပဏီ    ကိုးခု၊ ဖက်စပ်အထွေထွေအာမခံကုမ္ပဏီ သုံးခု၊   နိုင်ငံသားပိုင်  အထွေထွေ အာမခံကုမ္ပဏီ       ခြောက်ခုနှင့် မြန်မာ့အာမခံလုပ်ငန်း အပါအဝင် အာမခံကုမ္ပဏီ ၂၇ ခုမှ အာမခံ ဝန်ဆောင်မှုများကို   ဆောင်ရွက် ပေးလျက်ရှိပြီး  ပုဂ္ဂလိကအာမခံ ကုမ္ပဏီများမှ အာမခံအမျိုးအစား ၄၀  ကို  ဝန်ဆောင်မှုပေးလျက် ရှိကြောင်းနှင့်        အာမခံလုပ်ငန်း ကြီးကြပ်ရေး      အဖွဲ့အနေဖြင့် အာမခံကုမ္ပဏီများက   အဆိုပြု တင်ပြလာကြသော    အသက် အာမခံနှင့်   အထွေထွေအာမခံ အမျိုးအစားသစ်များကို   ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်  ရှိကြောင်း သိရသည်။      


သတင်းစဉ်