မြန်မာ-ရုရှား နှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် (၂၀၀ ကျပ်တန်)အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် သုံးမျိုးရောင်းချမည်

 

နေပြည်တော်   စက်တင်ဘာ  ၁


ပို့ဆောင်ရေးနှင့်      ဆက်သွယ်ရေးဝန်ကြီးဌာန၊     မြန်မာ့စာတိုက် လုပ်ငန်းမှ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်၌ ရုရှားနိုင်ငံတွင်ကျင်းပမည့် အပြည်ပြည် ဆိုင်ရာ  ကျားကောင်ရေတည်တံ့ရေး       ဖိုရမ်အတွက် မြန်မာ - ရုရှား နှစ်နိုင်ငံ   ကျားထိန်းသိမ်းရေး   အထိမ်းအမှတ်    (၂၀၀ ကျပ်တန်)    အထူးထုတ်    စာပို့တံဆိပ်ခေါင်းသစ်   သုံးမျိုးအား   ၂၀၂၂ ခုနှစ်  စက်တင်ဘာ  ၅  ရက်၊  မြန်မာသက္ကရာဇ်   ၁၃၈၄ ခုနှစ်  တော်သလင်းလဆန်း   (၁၁)ရက် (တနင်္လာနေ့) နံနက်  ၉ နာရီခွဲမှ စတင်၍      နေပြည်တော်     ဗဟို စာတိုက်ကြီး၊     ရန်ကုန်စာတိုက်ကြီး၊     မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/   ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း    ရောင်းချ ပေးသွားမည် ဖြစ်သည်။

 


အထူးအစီအစဉ် တစ်ရပ်အနေဖြင့်  နေပြည်တော်   ဗဟိုစာတိုက်ကြီး၊            ရန်ကုန်စာတိုက်ကြီးနှင့်   မန္တလေးစာတိုက်ကြီးတို့တွင်       ၂၀၂၂     ခုနှစ် စက်တင်ဘာ ၅ ရက်တွင်  ဝယ်ယူသော  စာပို့တံဆိပ် ခေါင်းများပေါ်တွင်   နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ် ပေးမည်ဖြစ်ကြောင်း သိရသည်။          

သတင်းစဉ်