
ရန်ကုန် ဒီဇင်ဘာ ၂
၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၁) ဒုတိယနေ့ကို ဒီဇင်ဘာ ၂ ရက်က ဆက်လက်ကျင်းပရာ ရခိုင် ယူနိုက်တက်အသင်းက ကချင် ယူနိုက်တက်အသင်းကို နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
တန်းဆင်းသွားရပြီဖြစ်သည့် ကချင်ယူနိုက်တက်အသင်းသည် လက်ကျန်ပွဲများတွင် အမှတ်ရယူ နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အဆုံးသတ် အားနည်းမှုကြောင့် ဂိုးမရဘဲ ရှုံးပွဲကြုံတွေ့ခဲ့သည်။ ရခိုင်ယူနိုက်တက် အသင်းသည် ပြိုင်ပွဲပြီးဆုံးခါနီးတွင် ခြေစွမ်းပြနေပြီး နိုင်ပွဲဆက်ကာ အဆင့် ၅ အတွင်းဝင်ရန် မျှော်လင့် ချက် ရှိလာသည်။
ကချင် ယူနိုက်တက်အသင်း သည် မွန်ထွယ်အောင် (ဂိုး)၊ ကိုကို၊ ညီညီ၊ ဆိုင်းအောင်၊ ဇော်မွန်အောင် စသည့် အမာခံကစားသမား အများစုဖြင့် ပွဲထွက်ခဲ့သလို ရခိုင် ယူနိုက်တက် အသင်းကလည်း ဇော်ဇော်နိုင်၊ မောင်မောင်စိုး၊ ကောင်းစည်သူ၊ ထရာအိုရေး၊ သီဟထက်အောင်တို့ဖြင့် လူစုံခဲ့ သည်။ နှစ်သင်းစလုံး အားကုန် ထုတ်ကစားခဲ့သဖြင့် အပြန်အလှန် ရှိခဲ့ပြီး ဂိုးသွင်းခွင့်များ အပြန် အလှန်ရရှိခဲ့သည်။ ရခိုင်ယူနိုက် တက်အသင်းသည် ဂိုးသွင်းခွင့်ပိုရ သော်လည်း တိုင်ထိ၊ ဘားထိထွက် ခြင်းကြောင့် နှစ်ဂိုးသာရခဲ့ပြီး ကိုးမိနစ်တွင် ထရာအိုရေးနှင့် ၄၉ မိနစ်တွင် ကောင်းစည်သူတို့က အနိုင်ဂိုးများ သွင်းယူခဲ့သည်။
ယခု ပွဲအတွက် အကောင်းဆုံးကစား သမားဆုကို ရခိုင်ယူနိုက်တက် အသင်းမှ သူရ က ရရှိသည်။ ယခု ပွဲအပြီးတွင် ရခိုင်ယူနိုက်တက် အသင်းက ၂၆ မှတ်၊ ကချင် ယူနိုက်တက်အသင်းက ၁၀ မှတ် ရရှိသည်။
ပွဲစဉ် (၂၁) တတိယနေ့အဖြစ် ဒီဇင်ဘာ ၃ ရက် (ယနေ့)တွင် သုဝဏ္ဏကွင်း၌ GFA အသင်းနှင့် ဒဂုံစတားအသင်း ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MNL