MNL ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း တိုက်စစ်မှူး စအောင်ပြည့်ကို ခေါ်ယူ

 

ရန်ကုန်  ဇန်နဝါရီ  ၁၉


ပြီးခဲ့သည့်ရာသီတွင် စံချိန်တင်အောင်မြင်မှုများ ရယူ နိုင်ခဲ့သည့် MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက် အသင်းသည် လာမည့်ရာသီအတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီဖြစ်ပြီး  တိုက်စစ်မှူး စအောင်ပြည့် ကို ခေါ်ယူခဲ့သည်။


ရှမ်းယူနိုက်တက်အသင်းသည် ရာသီသစ်အတွက် ပထမဆုံးကစားသမား ခေါ်ယူမှုအဖြစ် စအောင်ပြည့် ကိုအား ခေါ်ယူခဲ့ခြင်းဖြစ်သည်။ စအောင်ပြည့်ကိုသည် ရှမ်းယူနိုက်တက်  လူငယ်အသင်းများနှင့်   စီနီယာ အသင်းများတွင်   ကစားခဲ့သူဖြစ်ပြီး  ၂၀၁၆   ခုနှစ်မှ ၂၀၂၂ ရာသီဝက်အထိ  ကစားခဲ့ခြင်းဖြစ်သည်။ ၂၀၂၂   ရာသီဝက်တွင် ရန်ကုန်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ ရာသီကုန်အထိ ကစားပြီးနောက် ရှမ်းယူနိုက်တက်အသင်းသို့ တစ်ကျော့ပြန်ရောက်ရှိ ခဲ့ခြင်းဖြစ်သည်။ စအောင်ပြည့်ကိုသည် အသင်းဟောင်း ရှမ်းယူနိုက် တက်အသင်းသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။


MNL အမှတ်ပေးချန်ပီယံဆုကို စံချိန်တင် လေးရာသီဆက်တိုက် ရရှိထားသည့်   ရှမ်းယူနိုက်တက်အသင်းသည်    လာမည့်ရာသီတွင် ပြည်တွင်းပြိုင်ပွဲများအပြင် နိုင်ငံတကာပြိုင်ပွဲများလည်း ယှဉ်ပြိုင် ရမည်ဖြစ်သောကြောင့် လိုအပ်သည့်နေရာများကို အင်အားဖြည့်တင်းနေ ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြည်တွင်း၊ ပြည်ပကစား သမားသစ်များ ထပ်မံခေါ်ယူမည်ဖြစ်သည်။             

ရဲရင့်လွင်
ဓာတ်ပုံ-SUFC