MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၁) ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်အထိ ကျင်းပမည်

 

ရန်ကုန်   နိုဝင်ဘာ  ၂၉


၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၁)  ကို  ဒီဇင်ဘာ ၁ ရက်မှ  ၄ ရက်အထိ  ကျင်းပ မည်ဖြစ်ပြီး  ဇယားထိပ်ဆုံးမှ ရှမ်းယူနိုက်တက် အသင်းသည်   ရတနာပုံနှင့်   တွေ့ဆုံနေကာ      ဇယားအလယ်ပိုင်းမှ အသင်းများ၏ ပြိုင်ဆိုင် မှုများကို ယခုတစ်ပတ်တွင် ဆက်လက်မြင်တွေ့ ရမည်ဖြစ်သည်။


ပွဲစဉ် (၂၁)   အဖြစ်   ဒီဇင်ဘာ ၁ ရက်တွင်     သုဝဏ္ဏကွင်း၌ ဧရာဝတီအသင်းနှင့်  ဟံသာဝတီ အသင်း၊  YUSC  ကွင်း၌  ရန်ကုန်အသင်းနှင့် အား/ကာသိပ္ပံအသင်း၊ ဒီဇင်ဘာ ၂ ရက်တွင် သုဝဏ္ဏကွင်း၌  ကချင်ယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း၊  ဒီဇင်ဘာ ၃ ရက် တွင် သုဝဏ္ဏကွင်း၌ GFA အသင်းနှင့် ဒဂုံစတား အသင်း၊   ဒီဇင်ဘာ ၄ ရက်တွင် YUSC ကွင်း၌ မြဝတီအသင်းနှင့်   မဟာယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်း၌    ရတနာပုံအသင်း နှင့်    ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားမည်  ဖြစ်သည်။ ယခုတစ်ပတ်တွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်     အသင်းသည် ရတနာပုံအသင်းနှင့် ကစားရမည် ဖြစ်ပြီး အနိုင်ရပါက    ချန်ပီယံဆု ရယူနိုင်ရန်    ပိုမိုနီးစပ်လာမည် ဖြစ်သည်။      တန်းဆင်းဇုန်ထဲ ကျရောက်နေသည့် GFA အသင်း သည်  ယခုတစ်ပတ်တွင် နိုင်ပွဲရယူ နိုင်မှသာ  ဆက်လက်မျှော်လင့်နိုင် မည်ဖြစ်ပြီး     သရေကျလျှင်ပင် တန်းဆင်းရမည်ဖြစ်သည်။ 


ဒုတိယနေရာမှ      ရန်ကုန် အသင်းသည်   ကစားပုံမာကျော သည့် အား/ကာသိပ္ပံအသင်းနှင့် ကစားရမည်ဖြစ်ပြီး  အနိုင်ရပါက ရှမ်းယူနိုက်တက်ကို    ဆက်လက် ဖိအားပေးနိုင်မည်ဖြစ်သည်။


ပွဲစဉ် (၂၀)  အပြီးတွင် လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း က    ၅၃  မှတ်ဖြင့်   ဆက်လက် ဦးဆောင်နေပြီး ရန်ကုန်အသင်းက ၄၇ မှတ်၊  ဟံသာဝတီအသင်းက ၃၄ မှတ်၊ အား/ကာသိပ္ပံအသင်းက ၂၆ မှတ်၊    ဒဂုံစတားအသင်းက ၂၅   မှတ်၊    မဟာယူနိုက်တက် အသင်းက ၂၄ မှတ်၊  ရခိုင်ယူနိုက် တက်အသင်းက ၂၃ မှတ်၊ ဧရာဝတီ အသင်းနှင့်  မြဝတီအသင်းက ၂၂ မှတ်စီ၊  ရတနာပုံအသင်းက ၂၀ မှတ်၊ GFA အသင်းက ၁၂ မှတ်၊ ကချင်ယူနိုက်တက် အသင်းက ၁၀ မှတ်ရရှိထားသည်။  

ကိုညီလေး