မြင်းမူမြို့နယ်၌ ဒေသခံရဟန်းရှင်လူပြည်သူ ၄၆၁၀၂ ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီး

 

မြင်းမူ   ဇန်နဝါရီ    ၂


စစ်ကိုင်းတိုင်းဒေသကြီး    မြင်းမူ မြို့နယ်၌   ဒီဇင်ဘာ ၃၁ ရက်အထိ သာသနာ့နွယ်ဝင်       ရဟန်း သံဃာတော်များ၊  မယ်သီလရှင် များ၊  အသက် ၁၂ နှစ်ပြည့်ပြီးသူ ကျောင်းသား ကျောင်းသူများအပါ အဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပြီးသူပေါင်း  ၄၆၁၀၂ဦး ရှိပြီဖြစ်သည်။

 


မြင်းမူမြို့နယ်      အတွင်းရှိ   ဒေသခံ    သာသနာ့နွယ်ဝင်များ ပြည်သူများအပါအဝင် စုစုပေါင်း  ၉၉၀၅၂ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး     ထိုးနှံပေးရန် လျာထားဆောင်ရွက်ခဲ့ပြီး  ဒီဇင် ဘာ  ၃၁ ရက်အထိ   ၂၀၅၇၉ ဦးကို    ပထမအကြိမ် ကာကွယ်ဆေးနှင့် ဒုတိယအကြိမ်အဖြစ် ၁၇၅၂၃ ဦး ကို ထိုးခဲ့ပြီးဖြစ်ရာ ယခုအချိန်အထိ မြင်းမူမြို့နယ်အနေဖြင့် စုစုပေါင်း ဒေသခံ      ရဟန်းရှင်လူပြည်သူ ကျောင်းသား  ကျောင်းသူပေါင်း ၄၆၁၀၂  ဦး     ထိုးနှံပြီးစီးပြီဖြစ်‌ ကြောင်းနှင့် ကာကွယ်ဆေးလုံးဝ မထိုးနှံရသေးသူများအား မြို့နယ် ပြည်သူ့အားကစားရုံ (မိုးလုံလေလုံ) အားကစားခန်းမ တစ်နေရာတည်း တွင်သာ  နေ့စဉ်နံနက် ၈ နာရီမှ    မွန်းတည့် ၁၂ နာရီအထိ   ထိုးနှံပေး လျက်ရှိကြောင်း၊ မြို့နယ် ကိုဗစ်-၁၉   ရောဂါ    ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ ဆေးထိုးနှံ ပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်အတူ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊  မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက     လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ဆောင် ရွက်ပေးသည်။            

  
အောင်စိုးဖေ(မြင်းမူ)