
မင်းလှ အောက်တိုဘာ ၃၁
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကို နိုဝင်ဘာ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်း သား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များက ယနေ့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားခဲ့သည့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအတွင်းအပြင် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ချုံနွယ်အမှိုက်များ ရှင်းလင်းခြင်း၊ စာသင်ခုံများစီခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်နေမှုများ စသည်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မြို့နယ်ပညာရေးမှူးဦးဇော်ဝင်းနှင့် တာဝန်ရှိသူများက အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြကြကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)