
မင်းလှ သြဂုတ် ၂၆
ကရင်တိုင်းရင်းသားတို့၏ ဘာသာ စာပေအနုပညာနှင့် ယဉ်ကျေးမူ ဓလေ့ထုံးစံများ ခိုင်မာလာစေရန်၊ ပျောက်ပျက်မသွားစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် သာယာဝတီ ခရိုင်အဆင့်ကိုယ်စားပြု ကရင် ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို မင်းလှမြို့ အမှတ်(၂)ရပ်ကွက် မြို့မစာသင်တိုက်၌ ဩဂုတ် ၂၄ ရက်က ကျင်းပသည်။
အခမ်းအနားကို ပဲခူးတိုင်း ဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး စောလင်းအောင်က ဖားစည်ကိုးချက်တီး ဖွင့်လှစ်ပေး ၍ အမှာစကား ပြောကြားပြီး ခရိုင်ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ စောသိန်းဝေက ချည်ဖြူဖွဲ့ မင်္ဂလာပွဲကျင်းပရခြင်း နှင့်ပတ်သက်သည့် အကြောင်း အရာများကို ပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် ချည်ဖြူဖွဲ့မင်္ဂလာ ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ စောရွှေသိန်းတို့က ကျေးဇူးတင် စကားများ ပြောကြားသည်။
ထို့နောက် ချည်ဖြူဖွဲ့မည့် ဘိုးဘွားများက ကရင်တိုင်းရင်း သားလူငယ်များအား ချည်ဖြူဖွဲ့ ပေးခြင်း၊ အခမ်းအနားတက်ရောက် သည့် ဧည့်ပရိသတ်များအား ချည်ဖြူဖွဲ့ပေးခြင်းများ ပြုလုပ်၍ ကရင်အမျိုးသားသီချင်းကို သီဆို ခဲ့ကြသည်။
ကိုတွတ်(ပြန်/ဆက်)