မြင်းခြံမြို့နယ် ရသာကျေးရွာမှ ပြည်သူ သုံးဦးကို ပစ်သတ်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဧပြီ  ၉
မန္တလေးတိုင်းဒေသကြီး  မြင်းခြံ မြို့နယ်   ရသာကျေးရွာကို   လုံခြုံ ရေးပူးပေါင်း   တပ်ဖွဲ့ဝင်များက ဧပြီ ၈ ရက်တွင် ဝင်ရောက်ခဲ့ပြီး ပြည်သူ သုံးဦးကို  ပစ်သတ်ခဲ့ကာ နေအိမ်  ၂၅၀   ကျော်ကို   မီးရှို့ ဖျက်ဆီးခဲ့ကြောင်း      လုပ်ကြံ ရေးသားထားသည့်   သတင်းတု၊ သတင်းမှားများကို  တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေ လျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက် ၍    မြင်းခြံမြို့နယ်မှ  လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ   ဧပြီ   ၈   ရက်တွင် အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံ ပြည်သူတစ်ဦး၏ သတင်း ပေးပို့မှုအရ   လုံခြုံရေးပူးပေါင်း တပ်ဖွဲ့ဝင်များက   နယ်မြေလုံခြုံ ရေး ဆောင်ရွက်လျက်ရှိရာ ရသာ ကျေးရွာအနီးသို့    ရောက်ရှိစဉ် တွင် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများက လက်လုပ် သေနတ်များဖြင့်  စတင်ပစ်ခတ်ခဲ့ သည့်အတွက်         အပြန်အလှန် ပစ်ခတ်မှုများ    ဖြစ်ပွားခဲ့သည်။ ထို့နောက်   လုံခြုံရေးပူးပေါင်း တပ်ဖွဲ့ဝင်များ၏ ထိရောက်သော ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးခဲ့ပြီး    ၎င်းတို့ ဆုတ်ခွာထွက်ပြေးရာ           လမ်း တစ်လျှောက်ရှိ    နေအိမ်များကို မီးရှို့        ထွက်ပြေးသွားခဲ့သည့် အတွက်  ရသာကျေးရွာရှိနေအိမ် အချို့      မီးလောင်ပျက်စီးခဲ့ရ ကြောင်းနှင့် အကြမ်းဖက်သမား နှစ်ဦး   သေဆုံးခဲ့ကြောင်း    သိရှိရ သည်။
အဆိုပါ   အကြမ်းဖက်သမား များသည်        မြင်းခြံမြို့နယ်ရှိ ကျေးရွာများတွင်   အတင်းအဓမ္မ ငွေကြေးကောက်ခံခြင်း၊  လူသစ် စုဆောင်းခြင်းများအပြင်  ဒေသခံ ပြည်သူများအား  ဖမ်းဆီးနှိပ်စက် နေသည့်အတွက်   အကြမ်းဖက် လုပ်ရပ်များကို    လက်ခံခြင်းမရှိ သည့် ဒေသခံများကလည်း လုံခြုံရေး  တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်        ရှိသည်ကို တရားမဝင် ပြည်ဖျက်မီဒီယာများ က မဟုတ်မမှန်လုပ်ကြံရေးသား ပြီး   ဝါဒဖြန့်ဝေနေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်