မြင်းခြံမြို့နယ် မြောက်ကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲအား PDFအမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်

 

နေပြည်တော် အောက်တိုဘာ ၁


NUG   အမည်ခံ  အကြမ်းဖက် အဖွဲ့နှင့်    ၎င်း၏လက်အောက်ခံ PDF အမည်ခံ  အကြမ်းဖက်သမား များသည်  အနာဂတ်ရင်သွေးငယ် များ၏  ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ    ပျက်ပြား၍ ပညာမဲ့လူတန်းစားများ  ဖြစ်ပေါ် လာစေရန်နှင့်       ၎င်းတို့ကို အကြောက်တရားဖြင့်   ထောက်ခံ အားပေးလာစေရန်   ကျောင်းသား ဆရာ  မိဘများအား  ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊     ဖမ်းဆီးသတ် ဖြတ်ခြင်း၊      ပညာရေးဆိုင်ရာ အဆောက်အဦများအား      မီးရှို့ ဖျက်ဆီးခြင်း၊   မိုင်းထောင်ဖောက် ခွဲခြင်း၊   အထောက်အကူ  ပစ္စည်း များနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များအား     မီးရှို့ဖျက်ဆီးခြင်း စသည့်နည်းလမ်းမျိုးစုံ    အသုံး ပြုကာ   နှောင့်ယှက်ဖျက်ဆီးလျက် ရှိသည်။

 


PDF အမည်ခံအကြမ်းဖက်     
သမားများ အကြောင်းမဲ့ပစ်ခတ်


ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၅ နာရီ မိနစ် ၅၀ ခန့်တွင်   မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်     မြောက်ကျွန်း ကျေးရွာရှိ အခြေခံပညာအထက် တန်းကျောင်းခွဲအား PDF အမည်ခံ အကြမ်းဖက်      သမားများက လက်နက်ကြီး/   လက်နက်ငယ် များဖြင့်     အကြောင်းမဲ့   ပစ်ခတ် ခဲ့သဖြင့်       ကျောင်းဆောင်ရှိ ပြတင်းပေါက်  တံခါးများ ပျက်စီး ကာ  ကျောင်းအဆောက်အဦများ ၌     လက်နက်ကြီး/လက်နက်ငယ် ကျည်များ ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

 


အရေးယူနိုင်ရေး  
စုံစမ်းဖော်ထုတ်လျက်ရှိ


ဖြစ်စဉ်တွင်     ပါဝင်ပတ်သက် ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ     ထိရောက်စွာ အရေးယူနိုင်ရေး  လုံခြုံရေးတပ်ဖွဲ့ ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်