
နေပြည်တော် မတ် ၁
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ဆေးရုံ တက် ရောက်ကုသမှု ခံယူလျက်ရှိသော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသအား ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်း ဆွေနှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော် ကြည်ညို ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူ များက ဆရာတော်ကြီး၏ ကျန်းမာ ရေး အခြေအနေများကို မေးမြန်း လျှောက်ထားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးအား အလှူငွေနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်