မင်းဘူးမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ မိုးစပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် အမှတ်(၄)ချည်မျှင်နှင့် အထည်စက်ရုံ လုပ်ငန်းလည်ပတ်နေမှု ကွင်းဆင်းကြည့်ရှု

 

မကွေး  အောက်တိုဘာ  ၃


မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးတင့်လွင်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ အောက်တိုဘာ ၂  ရက်က   မင်းဘူး(စကု)မြို့နယ် ကျောက်စံကျေးရွာရှိ           ဖူးပွင့် မျိုးကောင်းမျိုးသန့်       စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်း လီမိတက်မှ တောင်သူ ၂၇ ဦးနှင့် အကျိုးတူ   ပူးပေါင်းဆောင်ရွက် သည့်  Jasmine-105 ဧက(၁၀၀)စိုက်ခင်းသို့ ရောက်ရှိပြီး စပါးပင် များ အောင်မြင်ဖြစ်ထွန်းနေမှုအခြေ အနေများကို    ကြည့်ရှုအားပေး ကာ   တောင်သူများနှင့်တွေ့ဆုံ၍  ဖူးပွင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်း လီမိတက်မှ     တာဝန်ရှိသူနှင့် တောင်သူများ၏   တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ 


ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပွင့်ဖြူမြို့နယ် လယ်ကိုင်း ကျေးရွာအုပ်စု လှည်းကြီးကျေးရွာ ရှိ တောင်သူ ဦးခင်မောင်ထွန်း၏ မိုးစပါးစိုက်ခင်းအတွင်း ဒေသခံ တောင်သူများ စပါးသီးနှံ စိုက်ပျိုး ထုတ်လုပ်မှု  တိုးတက်မြင့်မားရေး အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်  တိုင်းဒေသကြီးအစိုးရအဖွဲ့၏  ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ပျိုးလယ်မြေ ဧက  ၂၀ အကျိုးပြုမည့် ဆိုလာစနစ် အသုံးပြု စိုက်ပျိုးရေပေးဝေနေမှု အခြေအနေကို ကြည့်ရှုပြီး  ရာသီ အလိုက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ       ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်သွားရန်       မှာကြား သည်။ 


ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပွင့်ဖြူမြို့ အမှတ်(၄)ချည်မျှင်နှင့် အထည်စက်ရုံ အစည်း အဝေးခန်း၌    စက်ရုံမှူးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ စက်ရုံ လည်ပတ်နေမှုနှင့် အရည်အသွေး မြှင့် ချည်မျှင်ထုတ်လုပ်မှု တိုးတက် ရေးအတွက် ဆောင်ရွက်ရန်လုပ်ငန်း  များအား     ဆွေးနွေးမှာကြားပြီး စက်ရုံအတွင်း ချည်မျှင်ထုတ်လုပ် နေမှုအဆင့်ဆင့်ကို လှည့်လည် ကြည့်ရှု    စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

 
မောင်ညီညာ(မကွေး)