
နေပြည်တော် မတ် ၃၀
(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ် အိုးပြင်မဲ - အိုင်းမ ကျေးရွာချင်းဆက်သွယ် သောလမ်းပေါ်ရှိ မန်းချောင်းရေနိမ့်တံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီး များနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်တို့က မန်းချောင်းရေနိမ့် တံတားသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသော ဧည့်သည် တော်များက ကမ္ပည်းမော်ကွန်းကျောက်စာကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရအနေဖြင့် မြို့ပြနှင့်ကျေးလက် အချိုးညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသ များ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ကျေးလက်နေဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်ထွက်ကုန်များနှင့် အခြားကုန်စည်များကို စျေးကွက်သို့ တစ်နှစ်ပတ် လုံး သယ်ပို့ရောင်းချနိုင်ရန်အတွက် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့်လမ်းများ လိုအပ် ကြောင်း၊ ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါဒများကို ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိ သကဲ့သို့ စဉ်ဆက်မပြတ် ကျေးလက်လမ်းကွန်ရက် များ ဖွံ့ဖြိုးစေရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
မန်းချောင်းရေနိမ့်တံတား တည်ဆောက်ပေးနိုင်မှု ကြောင့် မင်းဘူး (စကု) မြို့နယ်အတွင်းရှိ ပတ်ဝန်း ကျင်ကျေးရွာ ၁၄ ရွာမှ အိမ်ခြေ ၂၅၇၅ လူဦးရေ ၁၁၁၀၃ ဦးတို့ကို တိုက်ရိုက်အကျိုးခံစားမှုရှိသည့် အပြင် ကျေးရွာများ၏ စိုက်ဧက ၂၀၆၅၉ ဧကခန့်ကိုပါ အကျိုးပြုနိုင်မည်ဖြစ်သည့်အတွက် ကျေးလက်နေ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုကို များစွာအထောက်အကူပြု စေမည်ဖြစ်ကြောင်း နှင့် တံတားရေရှည်တည်တံ့ခိုင်မြဲစေရန် ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့် မန်းချောင်းတံတားသည် စကုမြို့ မှ ပုသိမ်-မုံရွာလမ်းကို ဆက်သွယ်သည့် လမ်းပေါ်၌ တည်ရှိပြီး တံတားအနီးဝန်းကျင်နှင့် စကု-ပုသိမ်- မုံရွာလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ထွက်ရှိသည့် ပဲ၊ နှမ်း၊ နေကြာ၊ စပါးနှင့် ငရုတ် စသည့် သီးနှံများကို မြို့ပေါ်ဈေးကွက်များသို့ အချိန်တိုအတွင်း ကုန်ကျ စရိတ်သက်သာစွာ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူး တင်စကား ပြောကြားပြီး တံတားဖွင့်ပွဲအထိမ်း အမှတ်များကို ပေးအပ်သည်။
မန်းချောင်းရေနိမ့်တံတားသည် တံတားအရှည် ပေ ၆၀၀ နှင့် တံတားယာဉ်သွားလမ်း အကျယ် ၁၄ ပေရှိပြီး တံတားချဉ်းကပ်လမ်း နှစ်ဖာလုံ၊ သံကူ ကွန်ကရစ် ဘိုးပိုင်တံတားတိုင်များ၊ သံကူကွန်ကရစ် ကြမ်းခင်းတို့ဖြင့် တည်ဆောက်ထားသည့် Sub-mersible Bridge တံတားအမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း အလေးချိန် တန် ၂၀ အထိ ဖြတ်သန်းအသုံးပြုသွားလာနိုင်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ပွင့်ဖြူမြို့နယ် ဖူးပွင့်စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ ယာယီရှင်း လင်းဆောင်၌ သမဝါယမအသင်းသားများ၊ တောင်သူ များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စု ဝန်ကြီးက တောင်သူများအနေဖြင့် သမဝါယမအသင်း ထူထောင်ပြီး အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်သွားရန် နှင့် အသေးစား၊ အငယ်စား ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး၊ လိုအပ်သော နည်းပညာသင်တန်း များ ကျေးရွာအရောက် ဆောင်ရွက်ပေးပြီး အရင်း အနှီး မတည်ငွေထူထောင်ပေးမည့် အစီအစဉ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ်က တောင်သူများအား လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးမည့် အခြေအနေကိုလည်းကောင်း ဆွေးနွေး ပြောကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် အသင်းသားတောင်သူများထံ သွင်းအားစုများ ထောက်ပံ့ပေးအပ်ပြီး စပါးမျိုးစေ့ ထုတ်လုပ်နေမှုနှင့် စပါးအခြောက်ခံစက် လည်ပတ် နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ခေတ်မီစံပြကျေးရွာအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပွင့်ဖြူမြို့နယ် စံပြကျေးရွာ ယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူ များနှင့် တွေ့ဆုံပြီး တင်ပြချက်များအပေါ် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးကာ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ် လမ်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်