မြန်အောင်ခရိုင်တရားရုံးဖွင့်ပွဲ ကျင်းပ

 

မြန်အောင် စက်တင်ဘာ  ၂


ဧရာဝတီတိုင်းဒေသကြီး မြန်အောင် ခရိုင်တရားရုံးဖွင့်ပွဲကို စက်တင်ဘာ ၁  ရက်က  မြန်အောင်မြို့ အမှတ် (၁)   ရပ်ကွက်  ရုံးလမ်း   မြို့နယ် တရားရုံးဝင်း၌ ကျင်းပသည်။

 


ရှေးဦးစွာ    မြန်အောင်ခရိုင် တရားရုံးဆိုင်းဘုတ်ကို  ဧရာဝတီ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်    ဦးဝင်းမြင့်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ထွေးထွေးနှင့် မြန်အောင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး    ရုံး ဆိုင်းဘုတ်ကို   အမွှေးနံ့သာရည် များ ပက်ဖျန်းပေးသည်။

 


မြန်အောင်ခရိုင်    တရားရုံး အနေဖြင့်   မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊   အင်္ဂပူမြို့နယ်တို့ တွင် ဖြစ်ပွားသော ရာဇဝတ်မှုများ နှင့်  တရားမမှုများကို  စစ်ဆေး စီရင်သွားမည်ဖြစ်ပြီး  စက်တင် ဘာ ၁ ရက်မှစ၍ တရားစီရင်ရေး လုပ်ငန်းများ    ဆောင်ရွက်လျက် ရှိကြောင်း        မြန်အောင်ခရိုင် တရားသူကြီး     ဦးဝင်းထွဋ်အောင် ထံမှ သိရသည်။

 


အဆိုပါ     မြန်အောင်ခရိုင် တရားရုံးဖွင့်ပွဲ    အခမ်းအနားသို့  ဧရာဝတီတိုင်းဒေသကြီး   တရား လွှတ်တော်   တရားသူကြီးချုပ်၊ တိုင်းဒေသကြီး   တရားရေးဦးစီး မှူး၊ မြန်အောင်ခရိုင် အုပ်ချုပ်ရေး မှူး၊ မြန်အောင်ခရိုင် ရဲတပ်ဖွဲ့မှူး၊ မြန်အောင်မြို့နယ်   အုပ်ချုပ်ရေး မှူးနှင့်      ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ   တာဝန်ရှိသူများ၊   မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ် တို့မှ  မြို့နယ်တရားသူကြီးများနှင့်   တာဝန်ရှိသူများ    တက်ရောက် ကြသည်။


ဝင်းဗိုလ်(ပြန်/ဆက်)