
ကွာလာလမ်ပူ စက်တင်ဘာ ၁၃
မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၁၃ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၉၁၉၈ ဦး တိုးလာကြောင်း အတည်ပြု ဖော်ပြပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူပေါင်း ၁၉၇၉၆၉၈ ဦးအထိ ရောက်ရှိလာ ပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြ လိုက်သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ငါးဦးမှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၁၉၁၉၃ ဦးမှာ ပြည်တွင်းကူးစက်မှု ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ဖော်ပြ ထားသည်။
နောက်ထပ် ၂၉၂ ဦး ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၀၇၁၁ ဦးရှိလာခဲ့ပြီ ဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာပြီး ဆေးရုံမှ ဆင်းလာသူ ၂၀၉၈၀ အပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွား သူပေါင်း ၁၇၂၁၇၁၀ ရှိလာပြီ ဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား လျက်ရှိသူ ၂၃၇၂၇၇ ဦးအနက် ၁၃၃၈ ဦးမှာ အထူးကြပ်မတ်ကုသ ဆောင်တွင် ဆေးကုသမှု ခံယူ လျက်ရှိပြီး ၎င်းတို့အနက် ၇၂၁ ဦး မှာ အသက်ရှူအထောက်အကူ လိုအပ်လျက်ရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံသည် တနင်္ဂနွေ နေ့တစ်နေ့တည်း ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ခါထိုးပမာဏ ၂၂၇၄၇၆ ခန့်ကို ထိုးပေးခဲ့သည်။ လူဦးရေ၏ ၆၅ ဒသမ ၄ ရာခိုင် နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံမှု ခံယူပြီးပြီဖြစ်ကာ ၅၂ ဒသမ ၆ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံ ပြီးပြီဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ