
စလင်း ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်းရှိ ကန်တော်ကျေးရွာ အုပ်စု ကန်တော်ကျေးရွာအနီးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့အမှတ်(၅)မှ တာဝန်ယူ တည် ဆောက်သည့် ကန်တော်တံတားဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်း ဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် မြို့ပြဦးကျော်မျိုးထွန်းနှင့် တိုင်း/ခရိုင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဧပြီ ၂၅ ရက်က တံတားဖွင့်ပွဲကို တက်ရောက်ကြောင်း သိရသည်။
ကန်တော်တံတားဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တံတား ဦးစီးဌာန အင်ဂျင်နီယာချုပ် (မြို့ပြ) က တံတား တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။ ယင်းနောက် ကန်တော်တံတားမုခ်ဦးရှေ့၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့ တက်ရောက် ကာ ကန်တော်ချောင်းတံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။
ထို့နောက် တံတားမုခ်ဦးရှေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ခရိုင်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကန်တော် တံတား ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီး ဝန်ကြီးများ၊ အင်ဂျင် နီယာချုပ်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ အမွှေး နံ့သာရည်များ ပက်ဖျန်းပေးပြီး ကန်တော်တံတားကို လှည့်လည်ကြည့်ရှုသည်။
မြို့နယ်(ပြန်/ဆက်)