မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မကွေးမြို့နယ်၌ ဇီဝဓာတ်ငွေ့ထုတ်လုပ်သုံးစွဲနေမှုအား ကြည့်ရှုအားပေး

 

မကွေး     ဧပြီ     ၁၂


မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်  ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ  ဧပြီ ၁၁ ရက် နံနက်ပိုင်းက  မကွေးမြို့နယ်  ရှားဇောင်းကန်ကျေးရွာအုပ်စု  သံဘိုရွာသစ်ကျေးရွာ  ဦးမျိုးသန့် နေအိမ်၌ ဇီဝဓာတ်ငွေ့ထုတ်လုပ်သုံးစွဲနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။

 


ရှေးဦးစွာ     တိုင်းဒေသကြီး ဝန်ကြီးချုပ်      ဦးတင့်လွင်အား   မကွေးတိုင်းဒေသကြီး     အစိုးရ အဖွဲ့    ဒေသဖွံ့ဖြိုးရေး   ရန်ပုံငွေ ကျပ်သိန်း ၃၀ ဖြင့် တည်ဆောက် ပြီးစီးသည့်             ဇီဝဓာတ်ငွေ့ တည်ဆောက်  ထုတ်လုပ်သုံးစွဲနေ မှု  အခြေအနေများနှင့် ပတ်သက်၍   တာဝန်ရှိသူများက     ရှင်းလင်း တင်ပြသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး  ဝန်ကြီးချုပ်က        ကျေးရွာသူ ကျေးရွာသားများ          အနေဖြင့် နွာချေးမှတစ်ဆင့်  ထုတ်လုပ်ရရှိ သော ဇီဝဓာတ်ငွေအား သုံးစွဲခြင်း ဖြင့်   လျှပ်စစ်ဓာတ်အား   သုံးစွဲမှု လျှော့ချနိုင်ခြင်း၊ လျှပ်စစ်မီးမရရှိ သည့်    နေရာများတွင်     ထင်းမီး အစားထိုး    ချက်ပြုတ်     အသုံးပြု  နိုင်သဖြင့် သစ်တောပြုန်းတီးမှုကို  လျှော့ချနိုင်ခြင်း၊         ဓာတ်ငွေ့  ထုတ်လုပ်မှုမှ   ထွက်ရှိလာသော  နွားချေးသည် ဓာတ်ပြုထားသည့် သဘာဝမြေသြဇာဖြစ်၍ ပေါင်းပင် များ      မပေါက်နိုင်သည့်အတွက် ပေါင်းရှင်းစရိတ်     သက်သာခြင်း၊  ဓာတ်ပြုပြီးသော      နွားချေး၏  အာနိသင်  ပိုမိုကောင်းမွန်သဖြင့် အကျိုးများစွာ       ရရှိမည်ဖြစ် ကြောင်း ပြောကြားသည်။

 


ထို့နောက်     တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်   အဖွဲ့သည်    ဇီဝ ဓာတ်ငွေ့ထွက်ရှိရန် တည်ဆောက် မှုနှင့်    ထွက်ရှိလာသည့်        ဇီဝ ဓာတ်ငွေ့အား ချက်ပြုတ်အသုံးပြု ဆောင်ရွက်နေမှုတို့ကို လှည့်လည်  ကြည်ရှုစစ်ဆေး     ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


မောင်ညီညာ