
နေပြည်တော် ဩဂုတ် ၂၇
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော် - တောင်ညို - မြို့သစ်-ကန်ပြား(မကွေး)လမ်းအား လမ်း ချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်း ခြင်း၊ လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် တံတားများ ပြုပြင်ထိန်းသိမ်း ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် မကွေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အတူ မကွေးမြို့အဝင် မိုင်တိုင် (၃၃၂/၀ နှင့် ၃၃၂/၁) အတွင်း မကွေးတိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့မှ မကွေးမြို့ဝင် မုခ်ဦး တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ယခုမြို့ဝင် မုခ်ဦးသည် မကွေးမြို့၏ Land Mark ဖြစ်လာမည့်အတွက် လှပ၊ ခံ့ညား၊ သပ်ရပ်ခိုင်ခံ့အောင် တည်ဆောက်ရမည် ဖြစ်သည့် အပြင်၊ မုခ်ဦးနှင့်အတူ ဆက်စပ် လမ်းအပိုင်းကိုလည်း အရည် အသွေးပြည့်မီအောင် ဆောင်ရွက် ရန်လိုပါကြောင်း၊ မော်တော်ယာဉ် များ၊ ဆိုင်ကယ်များအတွက် အန္တရာယ်ကင်းစွာ သွားလာနိုင် အောင် စနစ်တကျ ဆောင်ရွက်ပေး ရန် လိုအပ်ကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် အဖွဲ့သည် မကွေးမြို့ရှိ ပညာ့ရိပ်သာ အိမ်ရာစီမံကိန်းသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးစိုင်းသက်နိုင်မိုးက စီမံကိန်း လုပ်ငန်းများကို ရှင်းလင်းတင်ပြ ရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က တည်ဆောက်ရေး လုပ်ငန်းများ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း အချိန်မီပြီးစီးရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး၊ လက်ရာ သေသပ်ကောင်းမွန်ရေး၊ လုပ်ငန်း ခွင် အန္တရာယ်ကင်းရှင်းရေးတို့ကို အထူးအလေးထား ဆောင်ရွက်ရန် မှာကြားပြီး စီမံကိန်းအဆောက် အအုံများ၊ အခန်းဖွဲ့စည်းပုံနှင့် ဆက်လက် ဆောင်ရွက်နေသည့် အဆောက်အအုံများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
မကွေးတိုင်းဒေသကြီး မကွေး မြို့တွင် တည်ဆောက်နေသော ပညာ့ရိပ်သာအိမ်ရာ စီမံကိန်းတွင် အိပ်ခန်းတစ်ခန်းပါ အဆောက် အအုံ တစ်လုံး၊ အိပ်ခန်းနှစ်ခန်းပါ အဆောက်အအုံ သုံးလုံး၊ အိပ်ခန်း သုံးခန်းပါ အဆောက်အအုံ တစ်လုံး စုစုပေါင်း အဆောက်အအုံ ငါးလုံး၊ Community Center အဆောက်အအုံတစ်လုံးနှင့် GYM အဆောက်အအုံ တစ်လုံးပါရှိပြီး တက္ကသိုလ်မှ ဆရာ ဆရာမနှင့် ဝန်ထမ်း စုစုပေါင်း ၁၆၀ နေထိုင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်