မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တတိယနေ့) ယှဉ်ပြိုင်နေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုအားပေး

 

မကွေး   ဩဂုတ်   ၃၁


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၃) ကြိမ် မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲ (တတိယနေ့)   အဖြစ် ယမန်နေ့နံနက်ပိုင်းမှ   စတင်၍    မကွေးမြို့ မြို့တော်ခန်းမနှင့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း  ပန်းဟေဝန်ခန်းမတို့ ၌    ဆက်လက်ယှဉ်ပြိုင်လျက်ရှိရာ   တိုင်း ဒေသကြီး   ဝန်ကြီးချုပ်     ဦးတင့်လွင်၊ တိုင်းဒေသကြီး  ဝန်ကြီးများ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများ   ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 


ထိုသို့ ကြည့်ရှုအားပေးရာတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသ ကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ မကွေးမြို့၊  မြို့တော်ခန်းမ၌ အကပြိုင်ပွဲအဖြစ် အသက် ၁၀ နှစ်မှ   ၁၅  နှစ် အတွင်း အမျိုးသား/အမျိုးသမီး တစ်ဦးချင်း အကပြိုင်ပွဲအား   လည်းကောင်း၊  အသက် ၁၀  နှစ်မှ ၁၅ နှစ် အမျိုးသမီး ကဗျာလွတ် အကပြိုင်ပွဲအားလည်းကောင်း၊ အသက် ၁၀ နှစ်မှ  ၁၅  နှစ်  အခြေခံ  ဒိုးပတ်ပြိုင်ပွဲနှင့်  ဝါသနာရှင် ဒုတိယတန်း ဒိုးပတ်ပြိုင်ပွဲကိုလည်း ကောင်း၊  ဝါသနာရှင် (ပထမတန်း)  ကွက်စိပ် ပြိုင်ပွဲကို    ကြည့်ရှုအားပေးခဲ့ပြီး ဒိုင်အဖွဲ့များအား   ရင်းရင်းနှီးနှီး   လိုက်လံ နှုတ်ဆက်ကြောင်း သိရသည်။ 

 


မကွေးတိုင်းဒေသကြီး      အစိုးရအဖွဲ့ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး   တတိယနေ့ပွဲစဉ်များအဖြစ် အကပြိုင်ပွဲတွင် အသက် ၁၀ နှစ်မှ  ၁၅ နှစ် အတွင်း အမျိုးသား/အမျိုးသမီး  တစ်ဦးချင်း အကပြိုင်ပွဲ၊ အခြေခံပညာ အမျိုးသမီး ကဗျာ လွတ် အကပြိုင်ပွဲ၊ အခြေခံ ဒိုးပတ်ပြိုင်ပွဲနှင့် ဝါသနာရှင် ဒုတိယတန်း  ဒိုးပတ်ပြိုင်ပွဲများနှင့် ဝါသနာရှင် (ပထမတန်း) ကွက်စိပ်ပြိုင်ပွဲများ ကို    ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း    သိရ သည်။ 


ကိုစည်သူ(မကွေး)